အချစ်တွေနဲ့ နေကြမယ် အမုန်းတွေကို ဝေးဝေး မှာထားလိုက်ကြရအောင်
ချစ်သောသူ - အချစ်ပုံပြင်များ


ကိုယ်ချစ်တဲ့လူရဲ့ လက်ကိုဘယ်တော့မှမလွတ်ပါနဲ့ ....




Karen ဟာ မိခင်တိုင်းလိုပဲ သူ့မှာကိုယ်ဝန်ရှိပြီလို့ သိလိုက်တာနဲ့ သုံးနှစ်အရွယ် သားလေး Mikael အတွက် အဖော်သစ်တစ်ယောက် မွေးဖွားဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ မွေးဖွားလာမယ့် ရင်သွေးငယ်ဟာ မိန်းကလေးဖြစ်မှန်းလည်း ကြိုသိခဲ့ကြတယ်။ သားလေး Mikael က အမေ့ဗိုက်ပေါ် မှောက်ပြီး နေ့နေ့ညည ညီမငယ်အတွက် သီချင်းတွေ ဆိုညည်းခဲ့တယ်။


Karen ကိုယ်ဝန်ဆောင်တဲ့ ကာလတစ်လျှောက်က ပုံမှန်ပါပဲ။ သူဟာ တောင်အမေရိက Tennessean တိုက်Morristown မြို့က မက်သဒစ်ခရစ်ယန် အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ နေ့စေ့လစေ့ ဖြစ်နေတဲ့ ကိုယ်ဝန်က ငါးမိနစ်ခြား၊ တစ်မိနစ်ခြားတစ်ခါ နာလာခဲ့တယ်။ နာရီအတော်ကြာ နာကျင်ခဲ့ပြီး ဗိုက်ခွဲမွေးရမလား ထင်ရအောင် မွေးဖွားဖို့ ခက်ခဲခဲ့တယ်။ နောက်ဆုံးတော့လည်း Mikael ရဲ့ ညီမလေးကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ကလေးရဲ့ ကျန်းမာရေးက အတော့်ကို ဆိုးခဲ့ပါတယ်။ ညတွင်းချင်းပဲ ကလေးကို ကလေးအထူးကု ဆေးရုံရဲ့ အရေးပေါ်ခန်းကို ပို့ခဲ့ရတယ်။

နေ့ရက်တွေကို ဖြတ်သန်းဖို့ ခက်ခဲခဲ့ပါတယ်။ ညီမငယ်ရဲ့ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာခဲ့တယ်။ အထူးကုဆရာဝန်က Karen ကို " မျှော်လင့်ချက် အရမ်းနည်းတယ်။ အဆိုးဆုံးကို ပြင်ဆင်ထားရမယ်" လို့ ပြောခဲ့တယ်။

Karen နဲ့ ခင်ပွန်းက သူတို့မြို့ရဲ့ သင်္ချိုင်းမှာ ကလေးအတွက် မြေကွက်တစ်ခု ရှာထားလိုက်တယ်။ Mikael က ညီမလေးကို ကြည့်ပြီး သီချင်းဆိုပြဖို့ အတင်းပူဆာခဲ့တယ်။

အရေးပေါ်ခန်းကနေ ဒုတိယပတ်ကို ကျော်လွန်လာခဲ့တယ်။ ဒီတစ်ပတ်လွန်ပြီးရင် ကလေးကို လက်လွတ်ရမယ့် အခြေအနေကို ရောက်လာခဲ့တယ်။ Mikael က ကလေးကို သီချင်းဆိုပြဖို့ တစ်ချိန်လုံး ပူဆာနေခဲ့တယ်။ အရေးပေါ်ခန်းက ကလေးတွေကို ဝင်ခွင့်မပြုပါဘူး။ ဒါပေမယ့် Karen ကို မရရတဲ့နည်းနဲ့ ခေါ်ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်လို့ ဒီတစ်ကြိမ်မှာ Mikael သာ ညီမလေးကို ဝင်မကြည့်ရရင် နောက်ဘယ်တော့မှ ညီမလေး အသက်ရှင်ရက်ပုံကို သူမြင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးမှာ Mikael ကို ဂုတ်အင်္ကျီဟောင်းကြီး တစ်ထည်ကို ဝတ်ဆင်ပေးပြီး အရေးပေါ်ခန်းထဲ ခပ်တည်တည်နဲ့ ခေါ်ဝင်ခဲ့တယ်။ အဝေးက ကြည့်ရင် အင်္ကျီတစ်ထည် လမ်းလျှောက်နေတဲ့ ပုံစံမျိုးနဲ့ တူနေတယ်။ ဒါပေမယ့် နပ်စ်တွေက သူ့ကို ကလေးတစ်ယောက်ဖြစ်မှန်း ချက်ချင်းသိလိုက်တယ်။ "ကလေးကို ခုချက်ချင်း အပြင်ထုတ်၊ ကလေးဝင်ခွင့်မရှိဘူး" လို့ အော်ဟောက်တာကို ခံလိုက်ရတယ်။

အမြဲ သိမ်မွေ့နူးညံ့တဲ့ Karen ရဲ့ မိခင်မာနက ဒီအချိန်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်။ အေးစက်တဲ့ မျက်လုံးနဲ့ နပ်စ်ကိုကြည့်ပြီး "သူ့ညီမလေးအတွက် သူသီချင်းဆိုခွင့် မရရင် ဒီအခန်းထဲကနေ လုံးဝ မထွက်နိုင်ဘူး" လို့ ပြန်အော်လိုက်တယ်။

သားငယ်ကို သမီးရဲ့ ကုတင်အထိ ခေါ်သွားလိုက်တယ်။ Mikael ဟာ အသက်လုပွဲအတွက် စစ်ရှုံးနေတဲ့ ညီမလေးကို ဂရုတစိုက် ကြည့်လိုက်တယ်။ နောက် သုံးနှစ်သား ကလေးရဲ့ အပြစ်ကင်းတဲ့ အသံနဲ့ သီချင်းကို စဆိုလိုက်တယ်။ "You are my sunshine, my only sunshine, you make me happy when skies are gray...."

ရုတ်တရက် ကလေးငယ် တုန့်ပြန်မှုရှိလာတယ်။ နှလုံးခုန်စက်က ခုန်နှုန်းဟာလည်း တစ်ဖြေးဖြေး တည်ငြိမ်လာခဲ့တယ်။ Mikael သီချင်းကို ဆက်ဆိုနေခဲ့တယ်။

"You never know, dear, how much I love you. Please don't take my sunshine away...."

အသက်ကို လုရှုနေရတဲ့ ကလေးငယ်ရဲ့ အသက်ရှုနှုန်းဟာလည်း ပုံမှန်ပြန်ဖြစ်လာခဲ့တယ်။ ကြောင်တစ်ကောင်ရဲ့ အသက်ရှုသံလိုပဲ "တဟူး..ဟူး.." နဲ့ ကြားနေရတယ်။

Mikael သီချင်းကို ဆက်ဆိုပြန်တယ်။
"The other night, dear, as I lay sleeping, I dreamed I held you in my arms...."

ကလေးငယ်လေး တစ်ကိုယ်လုံး ပြေလျှော့ အိပ်စက်သွားခဲ့တယ်။ Mikael သီချင်း ဆက်ဆိုနေဆဲပါပဲ။ မျက်ရည်စီးကြောင်းနှစ်ခုက နပ်စ်ရဲ့ ပါးပြင်ထက် ယိုစီးကျလာခဲ့တယ်။ Karen လည်း ဝမ်းနည်းစိတ်ကို ဘယ်လိုမှ မတားနိုင်ခဲ့ပါဘူး။

သင်္ဂြိုလ်အခမ်းအနားကို သူတို့ ဖျက်သိမ်းလိုက်တယ်။ ကလေးငယ်က တစ်နေ့ထက် တစ်နေ့ကျန်းမာလာခဲ့တယ်။ "အစ်ကိုရဲ့ အံ့ဖွယ်ရာ သီချင်းကြောင့်" တဲ့။ ဆရာဝန်တွေက "ဒါဟာ အရမ်းထူးဆန်း အံ့သြဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခု" လို့ ပြောခဲ့ပါတယ်။

ကိုယ်ချစ်တဲ့လူရဲ့ လက်ကို ဘယ်တော့မှ မလွတ်ပါနဲ့....

The Reader Digest ထဲက တကယ့် အဖြစ်အပျက်တစ်ခုလို့ ဖတ်ရပါတယ်။ အင်တာနက်ပေါ်က ဖတ်မိတာလေးပါ။ ဘာသာပြန် မျှဝေလိုက်ပါတယ်။





သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင်နားခဲ့ဖူးသလား.


အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာတစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
{သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား.}





ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူမလဲ?


လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက် အမေရိကားရှိ
စီးပွားရေးဖိုရမ်တစ်ခုမှာ "ကျွန်မ ဘယ်လိုလုပ်မှ ချမ်းသာတဲ့သူကို
ရနိုင်မလဲ" လို့ ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်း မေးခဲ့တယ်။

"အောက်ကစာတွေက ကျွန်မစိတ်ထဲက စကားတွေပါ။ ကျွန်မ အသက်၂၅နှစ်၊ လူတကာ
ငေးမောရလောက်အောင် လှတယ်။ စကားပြော ယဉ်ကျေးတယ်။ သိမ်မွေ့တယ်။ တစ်နှစ်ကို
အမေရိကန်ဒေါ်လာ ၅သိန်း ၀င်ငွေရှိသူကို လက်ထပ်ယူချင်ပါတယ်။ ကျွန်မကို
လောဘကြီးတယ်လို့ လူတွေထင်ကြမယ်။ ဒါပေမဲ့ နယူးယောက်လို နေရာမျိုးမှာ
တစ်နှစ်ကို ဒေါ်လာ ၁၀သိန်း ရသူကတောင် အလယ်အလတ်တန်းစား ဖြစ်တဲ့အတွက်
ကျွန်မတောင်းဆိုတာ မများဘူးလို့ ထင်ပါတယ်။

ဒီဖိုရမ်မှာ တစ်နှစ် ၅သိန်း ၀င်ငွေရှိတဲ့ လူမရှိဘူးလား? သူတို့
လက်ထပ်ကုန်ပြီလား? အားလုံးကို ကျွန်မ မေးခွန်းတစ်ခု မေးချင်ပါတယ်။
ကျွန်မဘယ်လိုလုပ်မှ ရှင်တို့လို သူဌေးတွေကို ရနိုင်မလဲ?
ကျွန်မချိန်းတွေ့ဖူးတဲ့ လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ် ၀င်ငွေ
၂သိန်းခွဲရတဲ့ လူတွေဖြစ်တယ်။ ဒါ ကျွန်မရဲ့အနှိမ့်ဆုံး ကန့်သတ်ချက်ပေါ့။
နယူးယောက်မြို့လယ်မှာ နေဖို့ဆိုတာ တစ်နှစ်ဝင်ငွေ ၂သိန်းခွဲနဲ့ ဘယ်လိုမှ
မလောက်နိုင်ပါဘူး။ ကျွန်မက တကယ်အကြံဥာဏ် လာတောင်းသူပါ။ ကျွန်မ
ထပ်မေးချင်ပါတယ်။

(၁) သူဌေးလူလွတ်တွေ ဘယ်မှာအချိန်ဖြုန်းကြသလဲ? (အရက်ဘား၊ ဟိုတယ်၊ gym
စတာတွေရဲ့ လိပ်စာ အတိအကျကို သိချင်ပါတယ်)

(၂) ဘယ်အရွယ် သူဌေးတွေကို ကျွန်မ ပစ်မှတ်ထားရမလဲ?

(၃) ဘာဖြစ်လို့ တစ်ချို့သူဌေးတွေရဲ့ ဇနီးမယားတွေက ရုပ်ရည်အတင့်အသင့်ပဲ
ရှိကြတာလဲ? ကျွန်မမြင်ဖူးတဲ့ တစ်ချို့မိန်းကလေးရဲ့ ရုပ်ရည်က
ရွက်ကြမ်းရေကျိုပဲ။ ဘာဆွဲဆောင်မှုမှ မရှိကြဘူး။ ဒါပေမဲ့ သူတို့
သူဌေးတွေကို လက်ထပ်နိုင်ခဲ့တယ်။ လူတကာငေးမောရတဲ့ အရမ်းလှ၊ အရမ်းချောတဲ့
မိန်းမတွေက ကံမကောင်းကြဘူး။

(၄) ဘယ်မိန်းကလေးမျိုးကို လက်ထပ်မယ်၊ ဘယ်မိန်းကလေးမျိုးကိုတော့
အပျော်တွဲမယ်လို့ ရှင်တို့ ဘယ်လို သတ်မှတ်ကြသလဲ? (အခု ကျွန်မရဲ့
ရည်ရွယ်ချက်က လက်ထပ်ဖို့ပါ)

Bowers


သူ့အမေးကို နယူးယောက် Wall Street မှာ အလုပ်လုပ်နေသူတစ်ဦးက
အောက်ပါအတိုင်း ဖြေခဲ့တယ်။

"ချစ်လှစွာသော Bowers
ရေးထားတဲ့ စာအားလုံးကို ကျွန်တော် စိတ်ဝင်တစားဖတ်ခဲ့ပါတယ်။ မိန်းကလေး
အများကလည်း ခင်ဗျားလိုပဲ မေးချင်ကြမယ် ထင်ပါတယ်။ ခင်ဗျားရဲ့အမေးကို
ရင်းနှီးမြှုပ်နှံသူ ရှုထောင့်ကနေ ကျွန်တော်ဖြေပါရစေ။ ကျွန်တော်ရဲ့
နှစ်စဉ်ဝင်ငွေ ဒေါ်လာ၅သိန်း ကျော်ပါတယ်။ ဒါကြောင့် လူတွေရဲ့ အချိန်ကို
ကျွန်တော် မဖြုန်းဘူးလို့ ယုံကြည်ပါတယ်။

စီးပွါးရေးသမားတစ်ဦးရဲ့ အမြင်ကနေကြည့်ရင် ခင်ဗျားနဲ့လက်ထပ်တာ
အဆိုးဝါးဆုံး ရောင်းဝယ်မှုပဲဖြစ်တယ်။ အကြောင်းက ရှင်းရှင်းလေးပါ။
ကျွန်တော်ရှင်းပြပါရစေ။ ခင်ဗျားပြောတဲ့ စကားအရဆိုရင် ဒါဟာ "ရုပ်ရည်" နဲ့
"ငွေကြေး" လဲလှယ်မှု တစ်ခုပါပဲ။ တစ်ဖက်က ရုပ်ရည်ပေးမယ်၊ တစ်ဖက်က
ငွေကြေးပေးမယ်။ ဒါဟာ သင့်မြတ်တဲ့ လဲလှယ်မှုပေါ့။ ဒါပေမဲ့ မပြောမဖြစ်
ပြောစရာတစ်ခုရှိတယ်။ ခင်ဗျားရဲ့ ရုပ်ရည်က ပျောက်ပျက်တတ်တယ်။ ငွေတွေက
ဘာမှမလုပ်ပဲနဲ့တော့ မပျောက်ပျက်သွားတတ်ဘူး။ ကျွန်တော်ရဲ့ ၀င်ငွေက
တစ်နှစ်ထက် တစ်နှစ်တိုးနေမှာပဲ။ ခင်ဗျားက တစ်နှစ်ထက်တစ်နှစ် လှပနိုင်မှာ
မဟုတ်ဘူး။

စီးပွါးရေးပညာအရ ပြောရမယ်ဆိုရင် ကျွန်တော်က တန်ဖိုးတက်ပစ္စည်း၊ ခင်ဗျားက
တန်ဖိုးကျပစ္စည်း ဖြစ်တယ်။ ကျတာတောင်မှ အရှိန်အမြန်နဲ့ကျမယ့်
ပစ္စည်းဖြစ်တယ်။ ခင်ဗျား အခု ၂၅နှစ် နောက်ထပ် ၅နှစ်မှာ ခင်ဗျား အခုလို
လှပတဲ့ကိုယ်လုံး၊ မြင်သူငေးတဲ့ ရုပ်ရည်က တစ်နှစ်ထက် တစ်နှစ်
ဆုတ်လျှော့လာမှာပဲ။ လှပတဲ့ မျက်နှာက ဆုတ်လျှော့တာ ပိုမြန်လိမ့်မယ်။
တကယ်လို ရုပ်ရည်ဟာ ခင်ဗျားရဲ့ အရင်းအနှီးဆိုရင် နောင် ၁၀နှစ်မှာ ခင်ဗျား
ဘာမှမရှိတော့ဘူး။

ကျွန်တော်တို့ Wall Street စကားအရ ပြောရမယ်ဆိုရင် ရောင်းဝယ်တဲ့
ပစ္စည်းတိုင်းမှာ အနေအထားတစ်ခုတော့ ရှိတယ်။ ခင်ဗျားနဲ့ ဆိုရင်တော့
လဲလှယ်မှု အနေအထား (trading position)ပေါ့။ ဈေးကျတာနဲ့ ချက်ချင်း
လက်လွတ်လိုက်ရတယ်။ ကြာရှည် သိမ်းထားလို့ မဖြစ်ဘူး။ ဈေးကျမြန်တဲ့
ပစ္စည်းတစ်ခုကို လူတွေက အပိုင်ဝယ်မထားဘဲ ခဏတဖြုတ်သာ ချေးငှားကြမှာပဲ။
တစ်နှစ် ၀င်ငွေ ၅သိန်းဝင်တဲ့ လူတွေက လူတုံးလူအတွေတော့ မဟုတ်ကြဘူး။
ဒါကြောင့် ကျွန်တော်တို့ဟာ ခင်ဗျားကို ခဏတဖြုတ်ပဲ တွဲကြမယ်။
လက်ထပ်ဖို့အထိတော့ ရည်ရွယ်ကြမှာ မဟုတ်ဘူး။ သူဌေးတွေကို ဘယ်လို
လက်ထပ်ယူရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပင်ပင်ပန်းပန်း ရှာမနေပါနဲ့လို့
ကျွန်တော် အကြံပေးပါရစေ။

ကိုယ့်ကိုယ်ကို တစ်နှစ်ဝင်ငွေ ၅သိန်းဝင်တဲ့လူဖြစ်အောင် ကြိုးစားတာက
တုံးအတဲ့ သူဌေးတစ်ယောက်ကို လက်ထပ်ယူတာထက်စာရင် ပိုမြတ်တယ်လို့ နောက်ဆုံး
စကားတစ်ခွန်း ပါးလိုက်ပါတယ်။

 
  နွေဦးရဲ့ ပထမဆုံးရည်းစားနဲ့ လွဲခဲ့ရတဲ့ဇာတ်လမ်းလေးပါ.......
.
ကောင်မလေးကတောင်ကြီးသူလေ..
ညီအမနှစ်ယောက်ရှိတယ်.....ကျွန်တော့်ကောင်မလေးကအကြီးမ ပါ....
ဖြစ်ပုံကဒီလိုဗျ...တောင်ကြီးတန်ဆောင်တိုင်မှာစပီးသြိ ကတာ.....ဒီလိုနဲ
့ရည်းစားတွေဖြစ်ကြပီးမကြာခင်မှာ...ရှင်းမရတဲ့ ပြသနာကြောင့်လွဲရတဲ
့အဖြစ်ပါ...ကျွန်တော်ရေးမိတဲ့..
စာတစ်စောင်ကြောင့်လို့ပဲပြောရမှာပေါ့လေ...
သူနဲ့ ကျွန်တော် လျှောက်လည်ကြတော့...သူ
ကလက်အိပ်ဝတ်မထားဘူးလေ....ကျွန်တော်လည်းလက်အိပ်ဝယ်ပြီး...လက်ဆောင်ပေးဖို
့စဉ်းစားမိတယ်...ဘယ်မှာ ၀ယ်ရမှန်းလည်းမသိဘူး...သူ
့ညီမလေးကလည်း...သူငယ်ချင်းအတွက်လက်ဆောင်ပေးဖို့ ဝယ်စရာ...
ရှိတယ်တဲ့.....ဒါနဲ့ ပဲ...နှစ်ယောက်သားဈေးကိုလာကြတယ်...ဆိုင်ရောက်တော့.
..သူ့ ညီမလေးက..
under wear ၀ယ်တယ်...ကျွန်တော်က..သူ့ အတွက်..လက်အိပ်ဝယ်တယ်...အရောင်းစာရေးမလေးက
packing ကိုတရောင်တည်း၊တရွယ်တည်းထုပ်လိုက်တယ်လေ...ကျွန်တော်လ
ည်း...ပြန်မစစ်တော့ဘူးလေ....ပီးတော့ကိုယ်
့ချစ်သူကိုအံ့အားသင့်စေချင်တော့....သူ့ ညီမနဲ့ ထည့်မပေးပဲ..
စာတိုက်ကနေ..ထည့်ပေးလိုက်တယ်...ပီးတော့စာတစ်စောင်ပါေ ရးပေးလိုက်သေးတယ်ဗျ.....
ဒီစာကြောင့်ပဲ...လွဲခဲ့ ရတယ်ဆိုပါတော့ဗျာ......

သို့
ချစ်လေးအတွက်မွေးနေ့လက်ဆောင်ပို့လိုက်တယ်.....
ဘာကြောင့်ဒီလက်ဆောင်လေးပေးရလဲဆိုတော့ချစ်နဲ့ကို
ညနေပိုင်းလမ်းလျှောက်ထွက်တဲ့အခါချစ်လေးဝတ်လေ့မရှိဘူး ဆိုတာ....
ကိုသတိထားမိတယ်ဒါကြောင့်ချစ်ဝတ်စေချင်လို့လက်ဆောင်ပေးဖို့
စိတ်ကူးမိတာ။အစတုံးကတော့ နှိပ်ကြယ်သီးလေးပါတာဝယ်အုံးဖို့
ချစ်ရဲ့ ညီမလေးကပြောတယ်ကြယ်သီးပါတာကချွတ်ရစွတ်ရမကောင်းဘူးတဲ့ ...
ဒီဟာလေးက ချွတ်ရစွတ်ရလွယ်တယ်တဲ့သူတောင်ဝတ်ပြသေးတယ်
လှလိုက်တာလေ...၊ ဆိုင်ကကောင်မလေးကလဲသူလည်ဲးဒါပဲသုံးတာတဲ့....
သူလည်းဝတ်ပြတယ်...ဟုတ်တယ်...လှတယ် အဲဒါနဲ့ကိုလဲအဲဒါလေးပဲဝယ်ခဲ့တယ်
ကိုနဲ့တွေ့ရင်အဲဒါလေးဝတ်ရမယ်နော်..တွေ့ရင်တော့လားနမ်းပစ်လိုက်အုံးမှာ
ဒါပဲနော်..သောကြာနေ့ကိုနဲ့တွေ့တဲ့အခါ ကိုနမ်းဖို့ဝတ်လာခဲ့နော် .......

ကို

မှတ်ချက်။ ။အနားသတ်မှာအမွှေးဖွားဖွားလေးတွေပါတာဝယ်အုံးမလို့ 
ဒါပေမယ့်အသည်းလေးယားမှာဆိုးလို့ပြီးတော့ဈေးလဲကြီးလို့
ဟီးဟီး...ဒါပဲနော် ၀တ်လာခဲ့ ဖက်ကိုနမ်းအုံးမှာ။


အော်....ပြောဖို့ မေ့နေလို့ ဗျို့... သူ့ ညီမလေးကသူ
့သူငယ်ချင်းကိုပေးမယ့်လက်ဆောင်ထုပ်နဲ့ မှားသွား.
တာဗျ.....နောက်မှသိရတာလေ...ဒါပေမယ့်ဆေးမမှီတော့ဘူးလေ ...
သိတယ်မှတ်လား.....နွေဦးလေ...နွေဦး...ဂလောက်တော့ရှိ မပေါ့..ဟီးဟီး



သူငယ်ချင်းတို့ရေ...


တစ်ခါတုန်းက ..............

             စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီး
သူ၏လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်သည်...

             နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး
ပစ္စည်းများအသီးသီး၌ ဈေးနှုန်းတံဆိပ်ကလေးများကပ်ကာ ရောင်းချဖို့ပြသထားသည်..။ စေတန်နတ်ဆိုး
ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊
ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်..။
             သို့သော်..ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူအတွက်လဲ
အန္တရယ်ရှိပုံမရသည့် သပ်ပုံသဏ္ဌာန်ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၄င်းပစ္စည်း၌ ကပ်ထားသော
ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင်ကြီးမားနေသည်..။ ထိုပြင် ထိုပစ္စည်းမှာ များစွာလည်း
သုံးစြွဲပီးဖြစ်ပုံရသည်..။    

        “ ဒါက ဘာပစ္စည်းလဲဗျ..။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ..။ ”

ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်..။

       “ ဟာ...ဒါက စိတ်ဓါတ်ချ ကိရိယာပဲ...။”
       “ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ..။ ”

ဈေးဝယ်သူက ထပ်မေးသည်..။

      “ ဒီကောင်က အရမ်း အစွမ်းထက်တာဗျ..။ လူတစ်ယောက်ရဲ့ သိစိတ်အာရုံထဲကို
        ကျွန်တော် တခြားကိရိယာတွေနဲ့ ဘယ်လိုမှဝင်လို့နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး
        ဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်..။ ဒီကောင် အထဲဝင်လို့ရပြီဆိုရင်
        ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ရတော့တာပဲ..။ ”

စေတန်နတ်ဆိုးက ရှင်းပြလေသည်..။



            မှန်သည်..။ အနုတ်လက္ခဏာဆောင်သော လူ့အပြုအမူများ ၊ လုပ်ရပ်များ၏နောက်ကွယ်
“ စိတ်ဓါတ်ကျဆင်းမှု ” သည်ပုန်းခိုလျက် ရှိနေတတ်သည်..။ မည်သူ့မဆို နေ့စဉ်ဘ၀၌ စိတ်ပျက်
စရာ ၊ စိတ်ဓါတ်ကျစရာ ကိစ္စကြီးငယ်များကို မပြတ် ကြုံတွေ့ကြရမည်ဖြစ်သည်..။ ထိုသို့ နေ့စဉ်ကြုံတွေ့
ရသည့် စိတ်ဓါတ်ကျစရာအကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ်သွားသနည်း ဟူသော အချက်
သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက်ပန်းတိုင်သို့ သင် ရောက်ခြင်းမရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ်ပေးသွားမည် ဖြစ်သည်..။
            ထို့ကြောင့် အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ဓါတ်ကျသည် ဆိုပါစို့..။
ငါ အပျက်ဘက်ကို ရောက်နေမိပြီပဲ ဟု သတိရကာ ဒီအတွင်းမှ လမ်းကြောင်းထဲမှ မြန်မြန်ရုန်းထွက်နိုင်အောင် ကြိုးစားပါ..။
လောကကြီးမှာ အနှောင့်အယှက် အခက်အခဲဆိုတာ မလွဲမသွေ တွေ့ရမည့်အရာပဲ ဟု အားပေး
ဆင်ခြင်သောစကားမျိုး မိမိကိုယ့်ကို ပြောပေးပါ..။ သန်းခေါင်ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေးဆင်ခြင်သောစကားမျိုးဖြင့်  မိမိကိုယ့်ကို အကောင်းမြင် အပြုတွေးသော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ပေးပါ..။

             ဘ၀မှာ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ့် စိတ်ဓါတ်ကျဆင်းနေတဲ့ အချိန်ကာလတွေ ရှိဖူးမှာပါ..။
ကိုယ့်ဖာသာကိုယ် မမြင်နိုင်လောက်အောင် စိတ်ဓါတ်ပျက်ပြားနေတဲ့ အချိန်မှာ ဘ၀အဖော်ဆိုတဲ့ သူတွေက
သင့်အတွက် ကူညီဖေးမပါလိမ့်မယ်..။ ဘ၀အတွက် အဖော်ဆိုတာ ဒီလို ကိုယ်စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ
ဖေးခေါ်မြှင့်တင်ပေးတဲ့ သူ့ကို ပေးအပ်တဲ့ ဘွဲ့ထူး တစ်ခုပါ...။    ။
Today, there have been 1 visitors (1 hits) on this page!

အရာအားလုံး အချစ်တွေ နဲ့ပဲ တည်ဆောက်ကြရအောင် This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free