အချစ်တွေနဲ့ နေကြမယ် အမုန်းတွေကို ဝေးဝေး မှာထားလိုက်ကြရအောင်
ချစ်သောသူ - ဖတ်ကြည့်ပါအုံး
ဖတ်ကြည့်ပါအုံး
ဟိုအရင်ကတော့စာရှည်ရင်ဖတ်ရမှာတော်တော်ပျင်းတယ်
ပိုက်ဆံကုန်မှာစိုးတာလဲပါတယ်...
နောက်တော့တော်တော်များများဖတ်ဖြစ်တယ်...
ကောင်နိုးရာရာတွေလဲထက်ပို့ဖြစ်ပါတယ်.....
online လာတိုင်းchatting နဲ့ပဲမကုန်ဆုံးစေချင်ဘူး...
သီချင်းကြိုက်တက်မှန်းသိလို့အမြဲရှာပြီးပို့ပေးတက်တဲ့သူငယ်ချင်းတွေ
စာကောင်းကောင်းလေးတွေမျှဝေပေးတဲ့သူငယ်ချင်းတွေ...
 ပျော်စရာတွေပြောပြာပြီးစတက်တဲ့သူငယ်ချင်းတွေအားလုံးကိုကျေူဇူးတင်ပါတယ်....
သူငယ်ချင်းဆိုတာဘုရားပေးတဲ့ ဆုလဒ်ပါ.....
                            အာလုံးနှစ်သစ်မှာပျော်ရွှင်ကြပါစေ......
အကြင်နာကို လက်ဆင့်ကမ်းပါ
ကျွန်တော်၊ ဇနီးနဲ့ နှစ်နှစ်သမီးလေး Oregon State မှာရှိတဲ့ Red River Valley တစ်နေရာမှာ ချောင်ပိတ်မိနေခဲ့တယ်။ လူသူအရောက်နည်းတဲ့ နှင်းတလင်းပြင်မှာ ကျွန်တော်တို့ကား ပျက်သွားလို့ဖြစ်တယ်။
နှစ်နှစ်ကြာ လေ့ကျင့်ခဲ့ရတဲ့ ဆရာဝန်သင်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲကျင်းပဖို့ ကျွန်တော်တို့ မိသားစု ခရီးထွက်ခဲ့ကြတယ်။ ဒါပေမယ့် သင်ခဲ့တဲ့ဆေးပညာနဲ့ ပျက်နေတဲ့ကားတစ်စီးကို ကောင်းအောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။
ဒီအဖြစ်က အနှစ်၂ဝရှိခဲ့ပြီ ဆိုပေမယ့် အခုချိန်ထိ ကျွန်တော့်မှတ်ဥာဏ်ထဲမှာ Oregon State က ကောင်းကင်ပြာလိုပဲ ကြည်လင်နေဆဲဖြစ်တယ်။ အဲဒီနေ့မနက်က အိပ်ရာနိုးတာနဲ့ မီးဖွင့်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ ဒါပေမယ့် အမှောင်ထဲမှာ ကျွန်တော်တို့ ပိတ်မိနေပြီ ဆိုတာကို ကျွန်တော်သတိထားလိုက်မိတယ်။ ကြိုးစားပြီး ကားစက်ကို ကျွန်တော်နိုးကြည့်ပေမယ့် အရာမရောက်ခဲ့ဘူး။ ကားထဲကနေ ကျွန်တော်ထွက်ပြီး စိတ်တိုတိုနဲ့ အော်ဟစ်ကျိန်ဆဲလိုက်မိတယ်။ ဒါပေမယ့် ကျွန်တော်ဆဲဆိုသံကို ပတ်ဝန်းကျင်အမှောင်က ဖုံးအုပ်ခဲ့တယ်။
ကားက ဘက်ထရီကုန်သွားလို့ ဖြစ်မယ်လို့ ဇနီးနဲ့ကျွန်တော် တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော့်ခြေထောက်တွေက ကျွန်တော်ကားပြင်တဲ့ အတတ်ထက် ပိုကောင်းတဲ့အတွက် ကားလမ်းမကြီးပေါ်အထိ လမ်းလျှောက်ပြီး အကူအညီတောင်းဖို့ ကျွန်တော်ဆုံးဖြတ်တယ်။ ဇနီးနဲ့သမီးကိုတော့ ကားပေါ်မှာ စောင့်ခိုင်းစေခဲ့တယ်။
အချိန် ၂နာရီ ကြာပြီးနောက် အဆစ်လွဲသွားတဲ့ ခြေထောက်တစ်ဖက်နဲ့ လမ်းမကြီးပေါ် ကျွန်တော် ထော့နဲ့ထော့နဲ့ ရောက်လာခဲ့တယ်။ သစ်တွေတင်ထားတဲ့ ကားတစ်စီးကိုတွေ့လို့ ကျွန်တော်လက်ပြ အကူအညီတောင်းလိုက်တယ်။ အဲဒီ သစ်တင်ကားက ကျွန်တော့်ကို ဓာတ်ဆီဆိုင်တစ်ဆိုင် အရောက်မှာ ဆင်းခိုင်းခဲ့ပါတယ်။
ဓာတ်ဆီဆိုင်ထဲ ကျွန်တော်လှမ်းဝင်လိုက်တယ်။ ရုတ်တရက် တနင်္ဂနွေနေ့ ဆိုင်ပိတ်တယ်ဆိုတဲ့ အတွေးက ကျွန်တော့်စိတ်ကို တောင့်တင်းသွားစေခဲ့တယ်။ ဒါပေမယ့် အများသုံးဖုန်းနဲ့ စုတ်ပဲ့ဟောင်းမြေ့နေတဲ့ ဖုန်းစာအုပ်တစ်အုပ်က ကံကောင်းစွာနဲ့ အဲဒီနေရာမှာ ရှိနေခဲ့တယ်။ မိုင် ၂ဝကျော်လောက်ဝေးတဲ့ မြို့တစ်မြို့က တစ်ခုတည်းသော ကားဝပ်ရှော့ကုမ္ပဏီကို ကျွန်တော်ဖုန်းဆက်လိုက်တယ်။ ကားပြင်ဆရာ ပေါ့ပ်က ကျွန်တော်ရှင်းပြတဲ့ အခက်အခဲကို နားထောင်ပြီး "ကောင်းပြီ" လို့ အဖြေပေးတယ်။
နေရာအတည်တကျ သူ့ကို ကျွန်တော်ပြောပြလိုက်တယ်။
"တနင်္ဂနွေနေ့တိုင်း ကျွန်တော်နားတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး.. နာရီဝက်အတွင်း အဲဒီနေရာကို ကျွန်တော်လာခဲ့မယ်"
ပေါ့ပ်အပြောကြောင့် ကျွန်တော်သက်ပြင်းချနိုင်ခဲ့တယ်
။ ဒါပေမယ့် ကားပြင်စရိတ် သူပိုတောင်းမှာကို ကျွန်တော်စိုးရိမ်မိပြန်တယ်။
အနီရောင် လက်လက်ထနေတဲ့ ကရိန်းကားကို မောင်းပြီး ပေါ့ပ်ရောက်လာခဲ့တယ်။ သူကားနဲ့ ကားပျက်တဲ့နေရာကို ကျွန်တော်တို့ ရောက်လာခဲ့ကြတယ်။
နေရာအရောက် ကားပေါ်က ကျွန်တော်ခုန်ချပြီး ပေါ့ပ်ကိုလှည့်ကြည့်တဲ့အခိုက် ကျွန်တော် အံ့သြတုန်လှုပ်သွားခဲ့မိတယ်။ ချိုင်းထောက်နှစ်ဖက်ကို အားပြုပြီး ပေါ့ပ် ကားပေါ်က ဆင်းလာတာကို တွေ့လိုက်တယ်။ သူ့အောက်ပိုင်းတစ်ခုလုံးက ဗလာကြီးဖြစ်လို့.. ချိုင်းထောက်ကို အားပြုပြီး ကားပြင်ဖို့ ပေါ့ပ်ပြင်ဆင်နေချိန် ကျွန်တော်ခေါင်းထဲ ကိန်းဂဏန်းတစ်ချို့ ပေါ်လာပြန်တယ်။ ကျွန်တော့်ကို ကားပြင်ခ သူဘယ်လောက်တောင် တောင်းလိုက်မလဲ?
"သြော်... ကားက ဘက်ထရီကုန်သွားတာ.. ဘက်ထရီအား ခဏသွင်းလိုက်တာနဲ့ ခင်ဗျားတို့ လွတ်လွတ်လပ်လပ် ခရီးဆက်နိုင်ပြီ"
ပေါ့ပ်က ဘက်ထရီကို အားသွင်းလိုက်တယ်။ ဘက်ထရီသွင်းနေတုန်း ကျွန်တော့်သမီးကို ပေါ့ပ်က အပျော်မျက်လှည့်ပြနေခဲ့တယ်။ ဓာတ်အားသွင်းပြီး ကြိုးတွေ ပေါ့ပ်သိမ်းဆည်းနေတဲ့အချိန် ကုန်ကျစရိတ်ကို ကျွန်တော်မေးလိုက်တယ်။
"ဟာ... မလိုပါဘူး.. ပေးစရာ မလိုပါဘူး" ပေါ့ပ်အဖြေက ကျွန်တော့်ကို တွေဝေသွားစေခဲ့တယ်။ ကျွန်တော် ထပ်မေးလိုက်ပြန်တယ်။
"မလိုပါဘူးဗျာ.. ကျွန်တော် ဗီယက်နမ်မှာတုန်းက ဒီထက်ဆိုးတဲ့ အခက်အခဲကိုတောင် လွတ်မြောက်လာနိုင်ခဲ့သေးတာပဲ။ အဲဒီတုန်းက ကျွန်တော်ခြေနှစ်ချောင်းလုံး ပြတ်သွားခဲ့တယ်။ ကျွန်တော့်ကို ကယ်ခဲ့တဲ့လူက ဒီအကြင်နာကို ထပ်လက်ဆင့်ကမ်းဖို့ မှာခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို ခင်ဗျားတစ်ပြားမှ ပေးစရာမလိုဘူး။ ဒါပေမယ့် တစ်ခုတော့ မှတ်ထားပေးပါ။ အခွင့်အရေးရတာနဲ့ ဒီအကြင်နာကို တစ်ခြားလူဆီ လက်ဆင့်ပြန်ကမ်းပေးပါ"
အနှစ် ၂ဝတိုင်ခဲ့ပါပြီ... ဆေးကျောင်းနဲ့ဆေးဆောင် ခေါက်တုံ့ခေါက်ပြန် ကျွန်တော်အလုပ်များနေခဲ့တယ်။ ကျောင်းက ဆေးကျောင်းသားတွေကို ကျွန်တော် လေ့ကျင့်သင်ကြားပေးခဲ့ရတယ်။
တစ်ခြားနယ်ကလာတဲ့ ဒုတိယနှစ်ကျောင်းသူစင်ဒီ ကျွန်တော့်ဆီ စာလာသင်တာ ၁လရှိပါပြီ။ သူ့မိခင်လည်း သူနဲ့ ခဏလိုက်နေတဲ့အတွက် ဆေးရုံအနီးအနားမှာပဲ သူတို့နေခဲ့ကြတယ်။ စစချင်းမှာ အရက်ကြောင့်၊ မူးယစ်ဆေးကြောင့် ရောက်လာတဲ့ လူနာတွေနဲ့ ကျွန်တော်တို့ စမ်းသပ်လေ့ကျင့်ခဲ့ကြတယ်။ အဲဒီလူနာကို ကုသဖို့ ကုသနည်းတွေ ကျွန်တော်တို့ ဆွေးနွေးကြတဲ့အချိန် စင်ဒီမျက်ရည်ဝဲနေတာကို ကျွန်တော်သတိထားခဲ့မိတယ်။
"ဒီကိစ္စကို မဆွေးနွေးချင်လို့လား စင်ဒီ"
"မဟုတ်ပါဘူး.. ဆရာ။ အဲဒီလူနာက ကျွန်မ အမေလည်းဖြစ်နိုင်လို့ပါ"
နေ့လယ်စာ စားပြီးနောက် နှစ်ရှည်ကြာ အရက်ကျေးကျွန်ဖြစ်နေတဲ့ စင်ဒီ့မိခင်အကြောင်းကို အစည်းအဝေးခန်းထဲမှာ ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ စင်ဒီက မျက်ရည်တစ်ဖက်၊ နှပ်တစ်ဖက်နဲ့ သူခံစားခဲ့ရတဲ့ အရှက်၊ ဒေါသ၊ အကဲ့ရဲ့တွေကို ပြောပြခဲ့တယ်။
စင်ဒီ့ မျော်လင့်ချက်တွေ ပြည့်ဝအောင် သူ့မိခင်ကို ဆေးကုဖို့ ကျွန်တော်စကားစလိုက်တယ်။ ပြီးတော့ သူ့မိခင်အတွက် စိတ်နဲ့ဆိုင်တဲ့ တွေ့ဆုံမေးမြန်းမှုတွေ ကျွန်တော်စီစဉ်ပေးလိုက်တယ်။ မိသားစု၊ ဆွေမျိုးတွေရဲ့ အားပေးကူညီမှုအောက်မှာ အရက်ဖြတ်ကုသဖို့ စင်ဒီမိခင် သဘောတူလိုက်တယ်။ အရက်သေစာ သောက်စားတဲ့ မိခင်ကြောင့် စင်ဒီတို့ရဲ့ မိသားစုဘဝ မသာမယာဖြစ်ခဲ့ရတယ်။ အခုတော့ သူတို့မိသားစုရဲ့ မျက်နှာပေါ်မှာ မျော်လင့်ချက် အလင်းတွေကို ကျွန်တော်ပထမဆုံးအကြိမ် တွေ့လိုက်ရပါတယ်။
"ဆရာ့ကို ဘယ်လိုကျေးဇူး ဆပ်ရမလဲ မသိဘူး" စင်ဒီအမေးကြောင့် နှင်းပြင်မှာ ပိတ်မိခဲ့တဲ့အဖြစ်နဲ့ အောက်ပိုင်းပြတ်နေတဲ့ ကားပြင်ဆရာကို ကျွန်တော်ပြေးမြင်ယောင်လိုက်မိတယ်။ အဲဒီနောက် စင်ဒီကို ကျွန်တော်ပြန်ပြောလိုက်တယ်။
"ဒီအကြင်နာကို လက်ဆင့်ကမ်းပါ.. စင်ဒီ"
ဟုတ်ပါတယ်... ကျေးဇူးပြုပြီး အကြင်နာတွေကို လက်ဆင့်ကမ်းပါ။ ဒီလောကကြီး ပိုပျော်ရွှင်စရာ ကောင်းလာပါလိမ့်မယ်။
ကျွန်တော်တို့က ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာ အနည်းအများ၊ ကားအကြီးအသေးတွေနဲ့ အောင်မြင်မှုကို တိုင်းတာခဲ့ကြတယ်။ ဝန်ဆောင်မှု အရည်အချင်း၊ လူလူချင်း အပြန်အလှန် နွေးထွေးဆက်ဆံမှုတွေကမှ အောင်မြင်မှုရဲ့ တကယ့်စံထားဆိုတာကို ကျွန်တော်တို့ မသိခဲ့ကြတယ်။-- Martin. Luther. King II
မူရင်းရေးသားသူ... Dr. Kenneth G Davis (肯;尼;士;戴;維;斯;)
(把;這;份;情;傳;下;去; စာအုပ်ထဲကဖြစ်ပါတယ်)
ရေနှင့်ခွက်
အရွယ်ရောက်ပြိးလုပ်ငန်းခွင်ထဲရောက်နေပြိဖြစ်တဲ့လူငယ်တစုပာာ သူတို့ရဲ့ တက္ကသိုလ် တုန်းက ဆရာဆိကိုသွားလည်ကြတယ်  ဆရာကလည်းတပည့်တွေကိုတွေ့
တော့ ၀မ်းသာအာရဖြစ်နေတယ် ဆရာနဲ့စကားလက်ဆုံ ပြောရင်း တပည့်တွေက သူတို့ရဲ့ လုပ်ငန်းခွင်မှာတွေ့ရတဲ့ စိတ်ဖိစိးမှုတွေအကြောင်ညည်းညူကြတယ်
ဆရာကပြုံးရုံပြုံးပြိး မိးဖိုထဲက ပုံစံမျိုးစုံတဲ့ခွက်တွေကို သွားယူလာတယ် ကြွေခွက်၊ဖန်ခွက်၊ ပလပ်စတစ်ခွက်၊ရိုးရိုးခွက်၊ ဈေးကြိးပေးရတဲ့ခွက် စတဲ့ခွက်မျီုးစုံပေါ့
ဆရာ က ကိုယ့်ဘာသာ ရေခပ်သောက်ဖို့ ခွက်တွေယူခိုင်းလိုက်တယ် တပည့်တွေ ရေ တယောက်တခွက်စိရပြိးတဲ့အချိန်မှာ ဆရာက " သတိထားမိကြလား
ခွက်တွေထဲက ဈေးကြိးတဲ့ လှတဲ့ ခွက်တွေကိုပဲ ရွေးယူသွားကြတာ ကျန်ဈေးပေါတဲ့ ခွက်နဲ့ ရိုးရိုးခွက်တွေကိုပဲ ထားခဲ့ကြတယ်.. ကိုယ့်အတွက်အကောင်းဆုံးကိုပဲ
လိုချင်ကြတာ သဘာဝပဲ..ဒါပေမယ် အဲဒါကိုက မင်းတို့ပြောတဲ့ စိတ်ဖိစိးမှုရဲ့ အရင်းအမြစ်ပဲ ..မင်းတို့တကယ်လိုချင်တာက ရေပဲလေ ခွက်မှမပာုတ်တာ..
ဒါမယ့် အားလုံးက မသိစိတ်နဲ့ ပိုကောင်းတဲ့ခွက်ကိုပဲ ရွေးယူကြတယ်...." " ဘ၀မှာလည်း ဒိလိုပဲ...ဘ၀ကရေနဲ့တူပြိး  အလုပ်တို့ ငွေကြေးတို့ လူ့ပတ်ဝန်းကျင်
အသိုင်းဝန်းထဲက နေရာတခု ဆိုတာတွေက ခွက်တွေနဲ့တူတယ်..သူတို့က ဘ၀ကို ထောက်ပံ့ဖို့အတွက် အထောက်ကူပြု  ပစ္စည်းသက်သက်ပဲ..
သူတို့ကြောင့် ဘ၀ရဲ့အနှစ်သာရ ကပြောင်းမသွားဘူး...ဒါကြောင့် ခွက်တွေပေါ်မှာ အာရုံစိုက်နေရင် အထဲမှာရှီတဲ့ ရေရဲ့ အနှစ်သာရကို ခံစားဖို့ အချိန်မိမှာမပာုတ်တော့ဘူး
 ခေါက်ဆွဲသုံးပွဲနှင့် ကြက်ဥကြော်
တစ်နေ့မနက် ကျွန်မ ကြက်ဥခေါက်ဆွဲ နှစ်ပွဲလုပ်ပါတယ်။ ခေါက်ဆွဲတစ်ပွဲပေါ်မှာ
  ကြက်ဥတစ်လုံးတင်ပြီး ကျန်တစ်ပွဲက ကြက်ဥမပါဘူး။ ခေါက်ဆွဲကို စားပွဲပေါ်တင်ပြီး
  သားကို ကျွန်မမေးလိုက်တယ်။
  " သား....ဘယ်တစ်ပွဲစားမလဲ ? "
  "ကြက်ဥပါတဲ့တစ်ပွဲ မေမေ" သားက ကြက်ဥပါတဲ့ တစ်ပွဲကို လက်ညှိးထိုး ပြီးပြောတယ်။
  "မေမေကို ကျွေးပါလား သား... ပုံပြင်တစ်ပုဒ်မှာ လေးနှစ်ပဲရှိသေးတဲ့ ကောင်လေး
  တစ်ယောက်က သစ်တော်သီးမျှသတဲ့။ သားက ဆယ်နှစ်တောင်ရှိနေပြီ မေမေကို
  ကြက်ဥမျှပါနော်"
  "ကောင်လေးကကောင်လေး...သားကသား..
.မမျှနိုင်ပါဘူး"
  "တကယ်မမျှဘူးပေါ့ ? "
  သားက ဆတ်ခနဲ ကြက်ဥကိုယူပြီး ပါးစပ်ထဲထည့်လိုက်တယ်။
  "နောင်တမရဘူးလား သား" ကျွန်မမေးလိုက်ပြန်တယ်။
  "မရပါဘူး" ကျန်ကြက်ဥကို ပါးစပ်ထဲ ထိုးထည့်ရင်း သားကပြောပါတယ်။
  သားစားတာကို ကြည့်ပြီးမှ ကျွန်မခေါက်ဆွဲကို စစားဖို့ပြင်လိုက်တယ်။
  ကျွန်မရဲ့ခေါက်ဆွဲမှာ ကြက်ဥကြော် နှစ်လုံး ဖွက်ထားတာကို သားမြင်အောင်
  ပြလိုက်ပြီး.. "သား...တပန်းသာချင်တဲ့လူဟာ ဘယ်တော့မှ အသာမရနိုင်ဘူးဆိုတာ မှတ်ထား
  နော်" ကြက်ဥကြော်စားနေတဲ့ ကျွန်မကို သားက ငိုမဲ့မဲ့နဲ့ ပြန်ကြည့်ပါတယ်။
  ဒုတိယအကြိမ် ခေါက်ဆွဲချက်စားတော့ ပထမတစ်ခေါက်လိုပဲ တစ်ပွဲက ကြက်ဥကြော်ပါပြီး
  ကျန်တစ်ပွဲက မပါ ဘူး။
  "သား...ဘယ်တစ်ပွဲစားမလဲ ?"
  "လေးနှစ်သားကလေးတောင် သစ်တော်သီး မျှသေးတာပဲ..မေမေကို သားကြက်ဥ မျှပါတယ်" သားက
  ပြောပြောရီရီနဲ့ ကြက်ဥကြော်မပါတဲ့ တစ်ပွဲကို ရွေးလိုက်တယ်။
  "နောင်တမရဘူးပေါ့ ?"
  "မရဘူး မေမေ" သားက ပြောပြောဆိုဆို ခေါက်ဆွဲကို စစားပါတော့တယ်။
  ခေါက်ဆွဲကုန်တဲ့အထိ ကြက်ဥကြော်ကို သူမတွေ့ခဲ့ပါဘူး။ ဥပါတဲ့ တစ်ပွဲရဲ့အောက်မှာ
  ကြက်ဥကြော် နောက်ထပ်တစ်လုံး ၀ှက်ထားတာကို သားမြင်အောင် ပြပြီး
  .."သား...ကိုယ်အသာရအောင် လုပ်တဲ့လူဟာ တခါတလေမှာ နစ်နာတတ် တယ်ဆိုတာ မှတ်ထားနော်"
  ဒုတိယအကြိမ် သင်္ခန်းစာရလိုက်တော့ သားက မချိတင်ကဲနဲ့ သွားဖြီးပြပါတော့တယ်။
နောက်တစ်ခေါက် ခေါက်ဆွဲချက်ပြန်တော့ အရင်ပုံစံအတိုင်းပဲ တစ်ပွဲက ကြက်ဥပါပြီး
  နောက်တစ်ပွဲက မပါခဲ့ ပြန်ဘူး။
  " သား...ဒီနေ့ ဘယ်တစ်ပွဲစားမလဲ ? "
  " မေမေဟာ လူကြီးပါ...မေမေ အရင်ရွေးပါ။ သားမေမေကို အရင်မျှပါတယ်"
  "ဒါဆိုရင် မေမေ အားမနာတော့ဘူးနော်" ကြက်ဥကြော်ပါတဲ့ တစ်ပွဲကို ကျွန်မယူပြီး
  ပြောလိုက်တယ်။
  သားက ဥမပါတဲ့ တစ်ပွဲကို စားနေခဲ့တယ်။ စားရင်းစားရင်း အောက်နားရောက်တော့
  သူ့ခေါက်ဆွဲထဲမှာလည်း ကြက်ဥကြော် တစ်လုံးပါတာကို တွေ့လိုက်တယ်။
  "သား....အသာမရချင်တဲ့လူဟာ နစ်နာမှုနည်းတယ်ဆိုတာ မှတ်ထားပါနော်"
  သားက ကျွန်မအပြောကို သဘောတူကြောင်း ခေါင်းတစ်ဆတ်ဆတ် ညိတ်ပြတယ်။
  ကျွန်မရဲ့အပြောကို အခုအချိန်မှာ သားဟာ သေချာသဘောပေါက်လိမ့်မယ် မထင်ဘူး။
  ဒါပေမယ့် စကားသုံးခွန်းနဲ့ ခေါက်ဆွဲစား ခဲ့တာကိုတော့ သားတစ်သက် မေ့လိမ့်မယ်
  မထင်ဘူး။
  Chawn Hong ၏ "ပုံစံအမျိုးမျိုးပြောင်းပြီး မိဘလုပ်ခြင်း" စာအုပ်မှ
အမြစ်ရှာသလားလို့ပါ ...
တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေ ရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..
အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်
ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....
ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက် လာ လို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကို စောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကို ရှာနေတာမှတ်လို့...
ဆက်ဖတ်ရန်
ပြီးပါပြီ...
Posted by သံလုံငယ် at 11:19 AM 0 comments
Labels:
ကျွန်တော်လဲ ချစ်တဲ့သူကို ယူမှာပဲ
တနေ့ မှာ သားအဖ (၂)ယောက်စကားလက်ဆုံကြနေကြပါတယ်။ သားက အခုမှ စကားတတ်စ (၇)နှစ် ပတ်ဝန်းကျင် လောက်ပဲရှိပါအုံးမယ်။ အဲဒီမှာ သားက အဖေ့ ကို ဘာမေးလဲဆိုတော့ 
သား ... အမေ့ ကိုဘာဖြစ်လို့ လက်ထပ်ခဲ့တာလဲ တဲ့  ?
အဖေ... သားမေမေ ကို အဖေ့ အရမ်းချစ်လို့ ပေါ့ ကွ ..
သား... မေမေ ကရော ဖေဖေ့  ကိုချစ်လား ??
အရမ်းချစ် လို့ ဖေ့ ဖေ့ ကို လက်ထပ်ခဲ့ တာပေါ့ ကွ
အဲဒီမှာ သားက တစခန်းထ လာတယ် ...
သား... အဲဒါဆို သားလဲ သားကိုအရမ်းချစ် တဲ့ သူကို ပဲ ယူမှာပေါ့ ဗျာ
အဖေ... ဟေ မင်း မှာအရမ်းချစ်တဲ့ သူ ရှိလားကွ
သား.... သားကိုအရမ်းချစ်တဲ့ သူ ရှိတယ် ...အဘွားပေါ့  ..သားကြီးလာရင် အဘွားကိုပဲ လက်ထပ်မှာဗျ
အဖေ... ဟာ ဖြစ်မှလားကွ အဲဒါမင်း အဘွား ငါ့ ကိုမွေးခဲ့ အမေလေ ..
သား... ဟာ ..ဖေဖေ မရဘူးဗျာ ...အဘွား ကိုပဲ လက်ထပ်မယ် ...အဖေ့ ကျတော့ သားအမေ ကို လက်ထပ်ပြီး ..သားကျတော့ ဘာလို့  ဖေဖေ့ အမေ့ ကို လက်ထပ်လို့ မရမှာလဲ ...?
အဖေ... ဟေ .......
ဆက်ဖတ်ရန်
ပြီးပါပြီ...
Posted by သံလုံငယ် at 11:14 AM 0 comments
Labels:
ခြေထောက်များသူ
တိရစ္ဆာန်တစ်စု ၀ိုင်းဖွဲ့ စားသောက်နေကြသည် ။ အာသွက်လျှာသွက် ဖြစ်နေသဖြင့် စကားဝိုင်းသည် စိုးပြည်လှသည် ။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ ၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။ တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာပြောသည် ။
"ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ"
မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်လိုက်ကြသည် ။ ငါးနာရီ ကြာမှ ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ၀ိုင်းအော်ကြသည် ။
"ဟေ့ကောင် ........ မင်းသွားတာကြာလှချည့်လားကွ"
"အရက်ဆိုင် ၀င်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ "
" ဘာဆိုင်းဘုတ်လဲ "
"ဆိုင်ထဲမ၀င်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ "
ဆက်ဖတ်ရန်
ပြီးပါပြီ...
Posted by သံလုံငယ် at 11:12 AM 0 comments
Labels:
မကောင်းတဲ့သူ
တရားသူကြီးရှေ့မှောက်သို့ အိုင်းရစ်အမျိုးသား တစ်ယောက်ကို ခေါ်ဆောင်လာခဲ့ ၏ ။
"မင်းဘာကြောင့် အလွန်အကျွံ သောက်ရတာလဲ" ဟု တရားသူကြီးကမေးသည် ။ ထိုအခါ
" ရထားပေါ်မှာ မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ တွေ့ခဲ့လို့ပါ တရားသူကြီးမင်းခင်ဗျာ ။ သူတို့က အရက်မသောက်တဲ့ သူလေးယောက်ပါ "
"ဟ.... မင်းတွေ့ခဲ့တာ အကောင်းဆုံး အပေါင်းအသင်းတွေပဲကွ "
"ကျွန်တော်အဲဒိလိုမထင်ပါဘူး ။ သူတို့မသောက်တော့ ၀ီစကီ တစ်လုံးကို ကျွန်တော်တစ်ယောက်တည်း ကုန်အောင်သောက်လိုက်ရပါတယ် ........ တရားသူကြီးမင်း "
ဆက်ဖတ်ရန်
ပြီးပါပြီ...
Posted by သံလုံငယ် at 11:10 AM 0 comments
Labels:
ရန်သူအစစ်
တစ်နေ့ လူတစ်ယောက်က ဒေါသတကြီး ပြောလိုက်ပုံမှာ
"အရက်ဟာ ကျုပ်ရဲ့ ရန်သူပဲ ။ ကျုပ်အဖေကို သတ်တာ ဒီအရက်ပဲဗျ"
" မောင်ရင့် အဖေက အရက်သိပ်သောက်သလား "
" မသောက်ပါဘူး ။ အရက်သေတ္တာ ပိပြီးသေသွားတာ "
ကဲ ........ ကောင်းရော .......... ။
ဆက်ဖတ်ရန်
ပြီးပါပြီ...
Posted by သံလုံငယ် at 11:09 AM 0 comments
Labels:
ရှက်ပြီး သတ်သေမဲ့ ဘီယာ
မကျေမနပ်ဖြစ်နေတဲ့ ဖောက်သည်တစ်ယောက်က မဲ့၍ ရွဲ့၍ ပြောလိုက်၏ ။
"မကောင်းလိုက်တဲ့ ဘီယာ ၊ ဟောဒီ ဘီယာသာခေါင်းပါခဲ့ ရင် ရှက်ပြီး ကြိုးဆွဲချ သေမှာ အမှန်ပဲ" တဲ့ ။
ဆက်ဖတ်ရန်
ပြီးပါပြီ...
ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ
>
> ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ကြာအောင် ဖတ်ရှုသင့်သည့် အချက်အလက်များ
>
> 1. နာမည်ခေါ်ဝေါ် သုံးစွဲတာ မလုပ်ပါနှင့်
> 2. ချစ်သူရဲ့ ခန္တာကိုယ်အလေးချိန် နဲ့ အခြားအစိတ်အပိုင်း များကို အလှောင်ပါနှင့်
> 3. အပြုအမူကိုပဲဝေဖန်ပြီး အကျင့်စာရိတ္တကို မဝေဖန်ပါနှင့်
> 4. စကားပြောနေစဉ် အခြားသူတစ်ဦး နာမည်ကို မကြာခဏမပြောမိပါစေနှင့်
> 5. စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်
> 6. ဘာမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်
> 7. ဖြစ်ပြီးသား ပြသနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ
> 8. ဖြစ်ပျက်သမျှ ကို သူငယ်ချင်းများကို မပြောပါနှင့်
> 9. သူကြိုက်သည့်အရာများကို မမုန်းပါနှင့်
> 10.အချို့ကိစ္စများကို မသိချင်ယောင်ဆောင်ပါ
> 11. ဒေါသနဲ့ စကားမပြောပါနှင့်
> 12. စကားများတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပါ
> 13. သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်
> 14. ကိစ္စရပ်တစ်ခုကို ပြီးဆုံးသည်အထိ မဖြေရှင်းပဲမနေပါနှင့်
> 15. ဘာအကြောင်းနဲ့မှ မအော်ပါနှင့်
> 16. သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ
> 17. ချစ်သူက ချောလား၊လှလား မေးတိုင်း ပြုံးသာ ပြလိုက်ပါ
> 18. အကြောင်းတိုက်ဆိုင်တိုင်း သင်ကသာ ငွေရှင်းလိုက်ပါ
> 19. သူ၏ရှေ့မှောက်တွင် အခြားသူများကို သိသိသာသာလိုက်မကြည့်ပါနှင့်
> 20. အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပါ
> 21. ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့ နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ(ပြန်မေးတတ်လို့ပါ)
> 22. တကယ်အရေးကြုံမှ ပိုက်ဆံချေးပါ
> 23. ဖြစ်ပျက်သမျှအားလုံးကို သင်ကဦးအောင်တောင်းပန်လိုက်ပါ
> 24. အခွင့်အရေးရတိုင်း မယူပါနှင့်
> 25. လက်ဆောင်အသေးအမွှားလေးများ မကြာခဏပေးပါ။ ။
>
> (တကယ်ကိုယ်တွေ့အလုပ်ဖြစ်တဲ့ အချက်အလက်လေးတွေမို့ ပြန်မျှဝေတာပါ)ကျေးဇူးတင်ပါတယ်
သူငယ်ချင်းရေ...
သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို
ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။
ကျွန်တော် တော့ စမ်းပြီးသွားလို့ မှန်တယ်လို့ ဆိုရမယ်။ လုပ်နည်းက ဒီလို
.......
ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို
L  = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I   = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N  = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကျပေတော. ။  Good Luck !  
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။
ကဲ ဘယ်လိုလဲ ? တိုက်ဆိုင်မှုရှိမရှိ ကိုယ်ကိုတိုင်ဘဲ သိမှာပေါ့
အားလုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်..
သစ်သားဇလုံလေး
မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ၀ါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။
သားနဲ့ ချွေးမလုပ်တဲ့လူက ကြာတော့ သည်းမခံနိုင်တော့ဘူးလေ။ "ငါတို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီ မှောက်ကျတဲ့ နွားနို့တွေ၊ ကြမ်းပေါ် ပြန့်ကျဲနေတဲ့ အစာတွေ၊ မျက်စိနောက်လောက်အောင် စားသောက်နေနဲ့ အမူအရာတွေကို ဆက်မမြင်ချင်တော့ဘူး။" လို့ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ဇနီးကို ပြောလိုက်တယ်။ ဒါနဲ့ အဘိုးအိုးအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေးတစ်ခု စီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့လူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွှင်ရွှင် စားနေကြတာပေါ့။
အဘိုးအိုကြီး တုန်တုန်ရင်ရင်နဲ့ ပန်းကန်ခွက်ရောက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီးကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်ရင်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့ မျက်ရည်တွေတောင် အထင်သား မြင်နေရတယ်။ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေရတာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ။
ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့သူကတော့ ဟို လေးနှစ်သားလေးပေါ့။ နှုတ်ဆိတ်မနေရအောင် သူကကော ဘာတတ်နိုင်မှာမို့လဲ။ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုံး၊ ဆောက်၊ တံဇဉ်း၊ ဓါးတွေနဲ့ ကစားနေတဲ့ သားကို အဖေလုပ်တဲ့သူက တအံ့တသြနဲ့ ထိုင်ကြည့်နေတယ်။ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ ကြံစည်နေလဲ ဆိုတာကို သိချင်ဇော အားကြီးတော့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ လေးနှစ်သားလေးဟာ အဖေရဲ့ အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့ သူ့အလုပ်သူ ဆက်လုပ်နေတော့တယ်။
သားလေးရဲ့ အဖြေဟာ အဖေနဲ့ အမေလုပ်သူရဲ့ ရင်ဝကို တည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိတ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီ။ မျက်ရည်တွေဟာ သူ့တို့ရဲ့ ပါးပြင်မှာ အရှိန်ကောင်းကောင်းနဲ့ စီးဆင်းလာတယ်။ ပြောရက်လိုက်တာ သားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ ပြောသွားတဲ့ သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့ မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ဘာမှ ပြန်မပြောဖြစ်ကြပေမယ့် သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။
ညနေစာ စားချိန်ရောက်ပြီ။ အဘိုးအိုကြီးဟာ သူရဲ့ အထီးကျန် စာပွဲအိုရှိရာကို ဦးတည်ပြီး လှုပ်ပဲ့လှုပ်ပဲ့ လမ်းလျှောက်လာနေတယ်။ သူ့ခမျာ အရင် မိသားစုလိုက် အတူတူစားခဲ့တဲ့ စားပွဲဟောင်းကိုတောင် လှည့်ကြည့်ဖို့ ခွန်အား မရှိရှာတော့ဘူး။ သူ့စားပွဲကို ရောက်ခါနီးမှာပဲ သူ့ရဲ့သားက အဘိုးအိုရဲ့ လက်ကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး မိသားစု စားပွဲဝိုင်းဆီကို တွဲခေါ်လာတယ်။ သူတို့နဲ့ ထမင်းအတူတူ ပြန်စားဖို့ ဖိတ်ခေါ်ခံလိုက်ရတာပါ။ အဘိုးအိုခမျာ မျက်စိလည် လမ်းမှားပြီးရောက်လာတဲ့ ဒီအခွင့်အရေးကို လက်လွှတ်ရမှာ ကြောက်တော့ ခရင်းကို ဂရုတစိုက် ကိုင်ပေမယ့်လည်း လွတ်ကျမြဲ လွတ်ကျနေတယ်။ ဒီတစ်ခါမှာတော့ အိမ်ရှင်မရဲ့ စူးရှရှ အသံကို မကြားရတော့ဘဲ နွေးထွေးတဲ့လက်တစ်စုံနဲ့ ခရင်းတစ်ချောင်းကိုသာ မြင်လိုက်ရတယ်။ အမြင်များ မှားနေလား ဆိုပြီး အဘိုးအို မျက်စိကို ပွတ်ပြီး ပြန်ကြည့်တယ်။ ဟုတ်ပါတယ်၊ သူ့ချွေးမဟာ ခရင်းအသစ်ကို ယူပြီး အဘိုးအိုကို လှမ်းပေးနေတယ်။ ဟော နွားနို့တွေ စားပွဲပေါ် ဖိတ်ပြန်ပြီ။ ငြိမ်ငြိမ်လေး ထမင်းဆက်စားနေကြတာပဲ မြင်ရတော့တယ်။ အဘိုးအိုရဲ့ အလွဲလွဲ အချော်ချော်နဲ့ ဇွန်းခရင်းသံကလွဲလို့ ဘာအသံမှ မကြားရဘူး။ ညစာစားပွဲလေးဟာ တီးလုံးပဲပါတဲ့ သီချင်းတစ်ပုဒ်ကို ဖွင့်ထားတာနဲ့ တူနေတယ်။ ဒီညစာစားပွဲလေးဟာ အဘိုးအိုအတွက်တော့ အင်မတန် ကျေနပ်စရာ ကြည်နူးစရာ စားပွဲလေးတစ်ခု ဖြစ်သွားပြီပေါ့။
လေးနှစ်သားလေးရဲ့ စကားတစ်ခွန်းကြောင့် ဒီဇနီးမောင်နှံဟာ သူ့ဖခင်အပေါ်မှာ ရှိရင်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်ရှည် ဆက်ဆံလာနိုင်တယ်။ ဖခင်အပေါ် အမြင်မှန် ရသွားတယ်ဆိုပါတော့။ ဒါမှမဟုတ် ၀ဋ်လည်မှာကိုပဲ တွေးပြီး ကြောက်သွားကြသလား။ လေးနှစ်သားလေးက သူ့အဖေကို ဘာပြောလိုက်မယ်ထင်လဲ။ အဖြေကို ဆက်ဖတ်မကြည့်ခင် အရင် စဉ်းစားကြည့်စေချင်တယ်။
မိဘဟာ သားသမီးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ သဘာဝအရ အလိုအလျောက် တတ်သိစွမ်းဆောင် နိုင်လာတာ ဆိုပေမယ့် သားသမီးက မိဘကို ပြုစုစောင့်ရှောက်ရမယ် ဆိုတာကိုတော့ သဘာဝက အပြင်းအထန် သင်ကြားပေးတာတောင် အတော်များများ စာသိပ်မကျေချင်ဘူး။ မိဘက သားသမီးကို ပြုစုဖို့ အဓိက တွန်းအားဟာ မေတ္တာဆိုပေမယ့် သားသမီးက မိဘကို ပြုစုဖို့ အဓိက တွန်းအားဟာ တာဝန်ဖြစ်နေတာ ကြားနေ၊ မြင်နေရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ တာဝန်အရ ပြုစုနေရတဲ့ သားသမီးတွေ လောကမှာ ဘယ်လောက်များ များမလဲနော်။ ဒါပေမယ့် သားသမီးကို တာဝန်အရ ပြုစုနေရတဲ့ မိဘဆိုတာ ကမ္ဘာပေါ်မှာ လုံးဝ မရှိပါဘူး။
လေးနှစ်သားလေးက သူ့အဖေကို ဒီလို ပြန်ဖြေလိုက်ပါတယ်။
"သား၊ သစ်သားဇလုံးလေး လုပ်နေတာပါ။ ဖေဖေနဲ့ မေမေ အသက်ကြီးလာရင် အစာစားဖို့လေ"
အပြောင်းအလဲ
ကြားဘူးတဲ့ ဟာသလေးတစ်ခုပါ....
တစ်ခါက အမျိုးသားတစ်ယောက်ဟာသူ့ချစ်သူ ကောင်မလေးဆီကနေ လက်ထပ်ခွင့်ရ တော့........
အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်....
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့...
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်...
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား?
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား...
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- ဘယ်တော့မှ....
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...
အော်သူများတွေများအားကျလိုက်တာနော်.....
ဒါပေမဲ့
လက်ထပ်ပြီး ၁နှစ်လောက်ဆိုရင်တော့ စာကိုအောက်ကနေ အပေါ်ကို ဖတ်ရင်ပိုကောင်းမယ်နော်....
ယောက်ကျားတိုင်းတော့ဒီလိုမဟုတ်ဘူးနော် ...မမတို့....
လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထက်
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။
၃ရက်မြောက်နေ့ မှ...
နိုင်ငံတစ်ကာအမျိုးသမီးညီလာခံတစ်ခုကျင်းပသည်။ ကမ္ဘာအရပ်ရပ်မှအမျိုးသမီးအများအပြားတက်ရောက်ကြသည်။
အမေရိကန်အမျိုးသမီးက သူ့အတွ့အကြုံကိုပြောပြသည်။
ကျွန်မယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲသူ့ကိုပြောလိုက်တယ်.... ကျွန်မသန့်ရှင်းရေးမလုပ်နိုင်ဘူး အိမ်မရှင်းနိုင်ဘူးလို့ ။ အဲ့ဒီနောက် သူ့ကို တစ်ရက်မမြင်ဘူး ၊ ၂ ရက်မမြင်ဘူး ၊ ၃ ရက်မြောက်နေ့မှာ ပုံးတစ်ပုံးနဲ့ပြန်ရောက်လာတယ် အဲ့ပုံးထဲမှာစက်ရုပ်တစ်ရုပ်ပါလာပြီး အဲ့စက်ရုပ်ကပဲ အိမ်သန့်ရှင်းရေးလုပ်ပေးတယ် ။
အင်္ဂလိပ်အမျိုးသမီးကလဲ
ကျွန်မယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲသူ့ကိုပြောလိုက်တယ်.... ကျွန်မ ထမင်းချက်၊ ပန်းကန်ဆေးမလုပ်နိုင်ဘူးလို့ ။ အဲ့ဒီနောက် သူ့ကို တစ်ရက်မမြင်ဘူး ၊ ၂ ရက်မမြင်ဘူး ၊ ၃ ရက်မြောက်နေ့မှာ ပုံးတစ်ပုံးနဲ့ပြန်ရောက်လာတယ် အဲ့ပုံးထဲမှာစက်ရုပ်တစ်ရုပ်ပါလာပြီး အဲ့စက်ရုပ်ကပဲ
ထမင်းချက် ပန်းကန်ဆေး အားလုံးလုပ်ပေးတယ် ။
မြန်မာအမျိုးသမီးအလှည့်ရောက်တော
ကျွန်မယောက်ျားနဲ့ လက်ထပ်တဲ့နေ့မှာပဲသူ့ကိုပြောလိုက်တယ်.... ကျွန်မထမင်းချက်နိုင်ဘူး ပန်းကန်မဆေးနိုင်ဘူး ရေမခက်နိုင်ဘူး အိမ်မရှင်းနိုင်ဘူးလို့ ။ အဲ့ဒီနောက် တစ်ရက်မမြင်ဘူး ၊ ၂ ရက်မမြင်ဘူး ၊ ၃ ရက်မြောက်နေ့မှာ ဘယ်ဖက်မျက်လုံးနည်းနည်းပြန်မြင်လာတယ်
တိုက်ဆိုင်လိုက်ပုံများ
မနီတစ်ယောက်....အတန်းထဲတွင်အမြဲအိပ်ငိုက်လေ့ရှိသည်။
တစ်နေ့........မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာကြီးကိုဘယ်သူဖန်ဆင်းခဲ့သလဲ... ?
မနီအိပ်နေနေသဖြင့်မကြားသောကြောင့် နောက်မှာထိုင်နေသောကိုဖြိုးက ဘော့ပင်ဖြင့်ထိုး၍သတိပေးလိုက်သည်။ ထိုအခါ
မနီ။ ။ ဘုရားသခင် ( လန့်ပီးယောင်အော်ခြင်းဖြစ်သည်။)
ထို့နောက်သူမ ပြန်၍အိပ်ပျော်သွားပြန်သည်။
ဆရာမ။ ။ တော်လိုက်တာ...နောက်ထစ်ခုထပ်မေးမယ်...တို့ရဲ့ကယ်တင်ရှင်ကဘယ်သူလဲ.....သမီး ?
ဆရာမမေးသည်ကို.....မနီမ ကြားအိပ်လို့ကောင်းနေသည် ။ ကိုဖြိုးမှထပ်၍.....ဘော့ပင်နှင့်ထိုး၍သတိပေးရပြန်သည် ။
မနီ။ ။ ဂျီးဆပ်ခရစ် (လန့် ပီး..ယောင်အော်ပြန်သည်။)
ထို့နောက်ပြန်၍အိပ်ငိုက်နေပြန်တော့သည်။
ဆရာမ။ ။ မှန်ပါတယ်....ကဲ...နောက်ဆုံးမေးခွန်းတစ်ခုမေးမယ်.....၂၃ ယောက်မြောက်ကလေးမွေးပြီးတဲ့အခါမှာ....ဧဝက..အာဒန်ကို.......ဘာပြောလဲ ?
ဒီတစ်ခါတော့ ကိုဖြိုးက မနီကိုဘော့ပင်ဖြင့်ခက်နာနာထိုးကာသတိပေးလိုက်သောကြောင့် မနီတော်တော်နာသွားကာ ရုတ်တရက်ထရပ်ပီး နောက်တစ်ခါငါ့ကိုထပ်ထိုးရဲထပ်ထိုးကြည့်......နင့်ဟာကိုထက်ပိုင်းချိုးပစ်မယ်..
ဆရာမခမျာ ဘုမသိဘမသိဖြင့်....မေ့လဲသွားရှာလေသတည်း။
ဘ၀ဟူသောအိမ်
အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့
ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး
သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ
ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။
အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို
နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။
အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေ
အလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒါနဲ့
နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး
ဆွဲထားလိုက်တယ်။ အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့်
သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ
မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး
တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ
အတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။
ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါ
သူ့ရဲ့ နောက်ဆုံး လက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံး
သတိမရှိနိုင်တော့ဘူး။
လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့
အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ
အိမ်တံခါးကို ပိတ်လိုက်တယ်။ နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲ
ထည့်လိုက်ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။
"ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။"
ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။
ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့
ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ်
ဆောက်ပါ့မလား။
xxxxxxxx xxxxxxxx
ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့
ကိုယ်တိုင် တည်ဆောက်နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအား
ရှိသလောက် ဒီ ဆောက်လုပ်ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော်။ နောက်ဆုံး
ကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ
ကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး
ပြန်လည်တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား
လုပ်မိကြမယ်ထင်တယ်။
တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကို
ပုံဖော်နေတဲ့ လက်သမားဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကို
တည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့
အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့
အိမ်အတွက် ကုန်ကြမ်းတွေပါ။ အထောက်အပံ့တွေပါ။
ဒါကြောင့် ကျနော်တို့ ဉာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။
အနမ်း၏ကျန်းမာရေးဆိုင်ရာ ကောင်းကျိုး(၇)ခု
သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …
၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။
၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။
၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။
၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။
၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။
၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???
ဘ၀ထဲက သင်ခန်းစာများ
၁။ ပြစ်တင် ရှုတ်ချ ခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးတဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။
၂။ ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခက် ပြောဆိုတတ်တဲ့ စိတ်ဓာတ်တွေ ရလာစေတယ်။
၃။ ယုံကြည့် စိတ်ချမှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၎။ ချစ်ခင်နှစ်သက်မှုနဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၅။ အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၆။ မှန်ကန် ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓာတ်ကို ရလာစေတယ်။
၇။ ချီးကျူး ထောမနာ ပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထား လေးစားတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၈။ မျှဝေ ခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ် သက်ညှာတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၉။ အသိဥာဏ် ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၁၀။ ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့ စိတ်ဓာတ်ကို ရလာစေတယ်။
၁၁။ ပျော်ရွင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကို ရှာဖွေ တွေ့ရှိလိမ့်မယ်။
ဘာသာပြန်သူ - လူထုစိန်ဝင်း
Lesson For Life
By Ronald Russell
A Child that lives with ridicule
learns to be timid.
A Child that lives with criticism.
learns to condemn.
A Child that lives with distrust.
learns to be deceitful
A Child that lives with antagonism.
learns to be hostile.
A Child that lives with affection.
learns to love.
A Child that lives with encouragement
learns confidence.
A Child that lives with truth
learns justice.
A Child that lives with praise
learns to appreciate.
A Child that lives with sharing
learns to be considerate.
A Child that lives with knowledge
learns wisdom.
A Child that lives with patience
learns to be tolerant.
A Child that lives with happiness
will find love and beauty.
ဒီကဗျာလေးကို ရန်ကုန်မိဘမဲ့ဂေဟာမှာလည်း ရေးထားပါတယ်။ သတိထားမိတဲ့လူတိုင်း အမှတ်တရကူးလေ့ရှိသလို အနည်းဆုံးအသိတရားလေး ရသွားမယ့်မိဘများလည်း ရှိသွားခဲ့မှာပါ။ ဖတ်ပြီးလို့ကျေနပ်ရင် မျှဝေပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်ဗျာ။ မိဘမဲ့တွေရဲ့ဘ၀ကို မြင်ယောင်ပေးကြပါ...။
ကျနော်တို့ရဲ့ အိမ်ပြန်ချိန် ဟိုရှေ့က ကလေးတစ်ယောက် အနာဂါတ်တွေကျပျောက် မျက်ရည် တစ်ပေါက် နှစ်ပေါက် ကျရင်း သူဆိုတဲ့ ညည်းချင်းက အဖေနဲ့အမေက သူခေါ်လို့ရှိရင် ကြားနိုင်ပေမယ့် ခေါ်ခွင့်မရှိတဲ့ နေရာမှာတဲ့ သူလျှောက်သွားနေတဲ့ လမ်းကျဉ်းလေးက အန္တရာယ်တွေရှိရာ သူ့ကိုခေါ်ဆောင်သွားလေရဲ့။ ဘုရားတောင်ခြေရင်းမှာ အဖွားအိုတစ်ယောက် တောင်ဝှေးထောက်သံ တဒေါက်တဒေါက်နဲ့ အတိတ်ကို နောက်ပြန်ရစ် ကြည့်ရင်း သူချစ်တဲ့ သားသမီးတွေမှာ ဒုက္ခတွေ တထမ်းတပိုးနဲ့ ကျိုးပဲ့နေတဲ့ မြို့ပြလူနေမှုကြောင့် သာဓုခေါ်သံတွေ အကြိမ်ကြိမ်ထိမှန်ခံထားရတဲ့ ပိန်ချိုင့်ချိုင့် ခွက်လေးတစ်လုံးကို ကိုင်စွဲရင်း တဒင်္ဂ ငြိမ်းအေးခြင်းကို သူရှာဖွေနေလေရဲ့။ အဝေးမှာ ဟိုး....အဝေးကြီးမှာ ဒဏ်ရာတွေနဲ့ လူတချို့ လွတ်မြောက်မှု ဧရိယာ ကိုယ့်ဖာသာ ဖန်ဆင်း အံကြိတ်ခြင်း တောက်ခေါက်ခြင်း ခါးထောက်ခြင်းတွေနဲ့ ထွီကနဲ တံတွေးတပျစ် စစ်အာဏာကိုရင်ဆိုင် တနေ့နိုင်ရမယ်လို့ အိမ်မက်ကိုစားသုံးရင်း သူတို့ကြီးပြင်းကြလေရဲ့။ နေခြည်ဖြိုးတောက် လူသူမရောက်တဲ့ မိုးမခ တောတွေမှာ ဟမ်ဘာဂါအစား မျှစ်တူးစားလို့ ကိုကာကိုလာမလို ကက်ပ်ချိနီု မသောက် ငှက်ပျောအူဖေါက် သူတို့သောက်လို့ ဖေါင်တိန်မကိုင် သေနတ်ကိုင်လို့ နုပျိုစိမ်းလန်း အနာဂါတ်ပန်းတွေ အိမ်ပြန်မဲ့ရက် လက်ချိုးရေရင်း....တော်လှန်ရေးသီချင်းဆိုကြလေရဲ့။ နောက်တနေရာကတော့ လသာတဲ့ညတွေကို မော်ကြည့်လို့မရတဲ့ နံရံလေးဖက် ကြားမှာပေါ့ ခံယူချက်ရဲ့ အကျည်းသားတွေဟာ အခဲမကျေ အငြိုးတွေကိုစားသုံးရင်း ယုံကြည်ခြင်း နှလုံးသားတွေခမျာ တဖြည်းဖြည်း မာကျောလာလေရဲ့။ အချိန်ရှိသရွေ့ လွမ်းနေရတဲ့ နေရာအသီးသီးမှာ ငါတို့ ပြည်ထောင်စုသားတွေ ရှိနေတယ် ငါတို့ကိုယ် ငါတို့တည်ဆောက်ရင်း တချို့ ပြိုလဲကျတယ် ယုံကြည်ချက်တွေ ဖျားနာကုန်တယ် တချို့ကျတော့ သန်မာနေစဲ အံတွေခဲလို့ လှေခွက်ချည်းကျန် အလံမလဲဘူး အော်....အိမ်ပြန်ချိန်တွေ နီးဖို့ကြိုးစားရင်း အိမ်နဲ့ ဝေးဝေးသွားတဲ့ ငရဲက ဘယ်တော့များမှ.......လွတ်မြောက်မလဲ။ မင်းရန်နိုင် ========================================================================================== A to Z အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ (A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ .. (B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း ..ဟင်း ..၀ီစကီထဲ (C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော (D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့ (E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာ သူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး (F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ (G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး (H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို (I) တွေတိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု (J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့ (K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့ (L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့် (M) ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။ မေရယ် .......။ (N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။ ကိုယ်ဟာ မေ့အပေါ် (O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး မေ့ အပေါ် ထားတဲ့သစ္စာ မ (P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့ (Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။ ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ (R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး (S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို (T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန် (U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။ သည်စာကို ပင်လယ်က (V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့ (W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ (X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။ အဲ ....... တစ်ခုတော့ ရှိတယ်။ ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင် (Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း (Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်။Tongue out
Today, there have been 1 visitors (1 hits) on this page!
အရာအားလုံး အချစ်တွေ နဲ့ပဲ တည်ဆောက်ကြရအောင် This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free