အချစ်တွေနဲ့ နေကြမယ် အမုန်းတွေကို ဝေးဝေး မှာထားလိုက်ကြရအောင်
ချစ်သောသူ - ဟာသလေးများ
ဟာသ ဟုထင်၏
တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။
ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့်
ကုန်သည်မှာ အလွန်မြတ်နိုးခဲ့သည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော
ဒုတိယကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။
တစ်နေ့တွင် သူသည် မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လှဲလှယ်ရန်
စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ဤမြင်းအား ရှိသမျှ
စည်းစိမ်နှင့် လှဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည်
မိမိဘ၀အတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား
ဘယ်အရာနှင့်မျှ မလှဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က
မြင်းအား အလွန်နှစ်သက်မိသဖြင့် မြင်းအား ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး
အကြံထုတ် လေတော့သည်။
တစ်နေ့တွင် သူသည် အ၀တ်အစား အစုတ်အပြတ်ကို ၀တ်ဆင်လျှက်
မြင်းပိုင်ရှင်လာရာလမ်း တစ်နေရာတွင် ဖျားနာချင် ဟန်ဆောင်ပြီး လဲလျောင်း
နေခဲ့သည်။ မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျှင်အမြန်ဆင်းပြီး
ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည်။ မြင်းပေါ်ရောက်သည်နှင့်
သူသည် လူကောင်း ပကတိဖြစ်သွားပြီး မြင်းပိုင်ရှင်အား " ဒီမြင်းကို
ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့
ပစ္စည်းတွေနဲ့ လှဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခုကျွန်တော် မြင်းပေါ်
ရောက်နေပြီ... ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ" ဟု ပြောလေသည်။
မြင်းပိုင်ရှင်က " ကောင်းပြီလေ... မြင်းကို ခင်ဗျားပိုင်သွားပါပြီ...
ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော်စကားတစ်ခွန်း ပြောချင်သေးတယ်။
ဒီစကားကို ခင်ဗျား သေချာမှတ်ထားပေးပါ"
" မြင်းကို ကျွန်တော်ပိုင်ပြီပဲ... တစ်ခွန်းမကဘူး..ခင်ဗျားကြိုက်သေ
လာက်
ပြောလို့ရတယ်"
" တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျားဘယ်လို ရခဲ့သလဲလို့ မေးလာရင်
အဖြစ်မှန်ကို မပြောပါနဲ့..ဒီစကားကို မှတ်ထားပေးပါ"
"ဘာလို့လဲ..."
"ဒီမြင်းကို ဘယ်လိုရခဲ့တယ် ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင်
နောင်တစ်ချိန် လမ်းဘေးမှာ ဖျားလို့ လဲနေတဲ့ လူတွေကိုတွေ့ရင် ဘယ်သူက
ကယ်ရဲတော့မလဲဗျာ"
မြင်းပိုင်ရှင်၏ ထိုစကားကို ကြားသောအခါ ဒုတိယကုန်သည်မှာ တခဏမျှ
ဆွံအသွားခဲ့သည်။ ထို့နောက် ရှက်ရွံ့ အားနာပြီး မြင်းပေါ်မှ
ချက်ချင်းဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည်။
"ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့
ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ်။ အရှက်တရားနဲ့ နောင်တတွေ
ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ... ကျွန်တော့်ကို
ခွင့်လွတ်ပါဗျာ"
ရယ်ချင်ရင်ဖတ်ကြည်ပေါ့
တစ်နေ့ ကပေါ့လေ
သစ်ရွက်လေးတွေကိုလေတိုးလို့ တရှဲရှဲ ဆိုပြီးမြည်တဲ့အသံက......
ဘမောင်ကိုလွမ်းမောစေတယ်လေ........
ဘမောင်တစ်ယောက်တည်းပျင်းပျင်းရှိတာနဲ့ ................. အင်တာနက်ဆိုင်ကိုသွားခဲ့တယ်..............
အင်တာနက်ဆိုင်ကလူကြီးလူကောင်းတွေပဲသုံးတဲ့..............့ဆိုင်ပေါ့လေ.........
နိုင်ငံခြားသားတွေလဲရှိတာပေါ့............
ဘမောင်ထိုင်နေတဲ့ဘေးမှာကဖော်ရိန်ငနာကြီးတစ်ယောက်ပေါ့လေ........
ဘမောင်ကအင်တာနက်သုံးရင်းနဲ့ ပျင်းလာတော့.........
အတိတ်တုံးကကလေးဘ၀ကဆိုးခဲ့မိုက်ခဲ့တာတွေကို........
ကွန်ပြူတာရှေ့ မှာပြန်ပြီးလွင့်မျောနေမိတော့တာပေါ့.......
ဘမောင်ကလေးဘ၀တုန်းကလူဆိုးလေးပေါ့........
တော်တော့်ကိုဆိုးတာပေါ့လေ.......
ဆိုးပုံကဒီလို........
ဘမောင်၈တန်းတုန်းကပေါ့........
ဘမောင်တို့ အိမ်မှာ
ဟာလ၀ါထိုးတာပေါ့လေ.......
ဘမောင်တို့ ဦးလေးတွေထိုးတာပေါ့နော်..........
ဘမောင်ကကူညီမယ်ဆိုပြီးတော့........
ဟာလ၀ါအိုးရဲ့ အောက်ကမီးပိုတောက်အောင်ဆိုပြီး.......
နွားချေးခြောက်တွေပစ်ထည့်လိုက်တယ်လေ........
အြ့ဒီမှာနွားချေးခြောက်ကမီးထဲမ၀င်ပဲနဲ့ .........
ဟာလ၀ါအိုးထဲကိုတန်းတန်းမတ်မတ်နဲ့ ...........
ဝင်သွားရော.........
အဲ့ဒါကိုလူကြီးတစ်ယောက်ကမြင်သွားတာကနေအကုန်သိသွားတယ်
ဟာလ၀ါအိုးကိုမလွတ်ပစ်ရက်တာနဲ့ မသိတဲ့..................့ လူတွေကိုဝေပေးလိုက်ရတယ်လေ..............
ပြီးတော့ .........
ဘမောင်မြီးကောင်ပေါက်အရွယ်ကပေါ့လေ...........
ဘမောင်ကောင်မလေးတစ်ယောက်နောက်ကိုလိုက်ရင်းရင်းန့ဲ
ပဲခူးထိရောက်သွားဖူးတယ်လေ..........
ပဲခူးရောက်တော့မှသိတယ်ဘမောင်လို က်နေတာကကောင်မလေးမဟုတ်ဝူး........
အပုန်းမကြီး........
ဘမောင်ကပိုက်ဆံမရှိတော့ဘူးပေါ့......
ပိုက်ဆံကလက်ထဲမှာ၃၀၀ပဲကျန်တော့တယ်လေ............
ဗိုက်ကလည်းတော်တော်ဆာနေပြီပေါ့..................
အဲ့ဒီမှာပဲခူးသားနှစ်ကောင်နဲ့ တွေ့ တယ်လေ......
ဒီကောင်နှစ်ကောင်ကိုအကူအညီတော်းရာကနေပြီးတော့........
ပြသနာကတော့..........
ဒီကောင်တွေဝယ်တိုက်သွားတဲ့ အအေးကပဲ.........
အအေးမှာဝမ်းနှုပ်ဆေးတွေခတ်ထားတယ်လေ............
ဘမောင်ကလမ်းလျှောက်ရင်းလျှောက်ရင်းနဲ့ မိုးကလည်းတော်တော်ချုပ်လာပြီ..........
ဝမ်းနှုတ်ဆေးစွမ်းကလည်းတော်တော်ပြလာပြီ.
တစ်မျိုးမူတဲ့ ပဲခူးသူတွေကဘမောင်ကိုကွက်ကြည့်ကွက်ကြည့်နဲ့ .........
ကြည့်သွားတော့ဘမောင်ကရှက်လာတာပေါ့........
အဲ့ဒီမှာဝမ်းနှုတ်ဆေးကတစခန်းထလာတယ်လေ.............
ဘမောင်ဗိုက်ကိုဖိရင်းညောင်ပင်နားမှာထိုင်လိုက်တယ်........
အင်းအင်းပါဖို့ မဟုတ်ဝူးနော်...........
ခဏနားတာ
အဲ့ဒီမှာလေ...................
လက်ဘက်၇ည်ဆိုင်က၀ပ်၅၀၀၇ှိတဲ့ ကတ်ဆက်စပီကာကနေပြီးတော့
'' ဆ၇ာမဥမီးဗိုက်ထဲကအောင့်အောင့်နေတယ်...........''
တဲ့ အသံကြား၇တော့ဘမောင်တော်တော်အားငယ်းသွားးတော့တာပေါ့လေ......
ဘမောင်ညောင်ပင်နောက်ကိုပြောင်းထိုင်လိုက်တယ်.........
မနေနိုင်တော့ဝူးပေါ့နော်........
အဲအခင်းကြီးသွားဖို့ လုပ်နေတုန်းမှာ.......
ကတ်ဆက်ကနေပြီးတော့.....
''အရှင်ရုက္ခစိုးနတ်မင်းကြီး.ကျွန်တော့်သားလေးကိုဗေမယူပါနဲ့ 
ကျွန်တော့်အိမ်မှာအိမ်သာမရှိတဲ့ အတွက်......'' ဆိုပြီး
အသံကြားတော့ဘမောင်ထပြေးတော့တာပေါ့
ရုက္ခစိုးကိုင်မှာကိုကြောက်လို့ တဲ့ ............လေ
အဲ့ ဒါနဲ့ ပြေးရင်းပြေးရင်းနဲ့ ပဲ........
အိမ်တစ်အိမ်ရှေ့ ကိုေ၇ာက်လာတယ်မီးကလည်းမရှိဝူးပေါ့လေ.......
အိမ်ကဆိုင်းဘုတ်တပ်ထားတယ်.......
''အိမ်သာ''တဲ့ 
ဘမောင်တော်တော်ပျော်သွားတာပေါ့လေ..........
အဲ့ဒါနဲ့ အိမ်ထဲကိုဝင်တာနဲ့ မှောင်မနြေတာပဲဘာမှမမြင်ရ၀ူးလေ....
ဘမောင်လဘြိုထိုင်အိမ်သာလို့ ထင်ရတဲ့ ဝိုင်းဝိုင်းကြီးတစ်ခုကိုတွေ့ တော့..
အဲ့ဒီအပေါ်မှာထိုင်ပြီးလုပ်ငန်းစတော့တာပဲ.........
''ဗြစ်......ဗြစ်.....ဗြီး''ဆိုတဲ့အသံကအိမ်တောင်တုန်သွားတော့တယ် .......
ကိစ္စပြီးတော့အပေါ်မှာကျနေတဲ့ ကြိုးလေးကိုရေဆွဲတဲ့ ကြိုးလို့ မှတ်ပြီးဆွဲလိုက်တယ်............
ဟာ
သွားပါပြီ
လို့ ဘမောင်အလန့် တကြားအော်လိုက်တယ်
အဲ့ဒီကြိုးကိုဆွဲလိုက်တဲ့ အချိန်မှာ.........
အပေးကမီးလုံးလေးလင်းလာပြီးတော့
ဘမောင်ကိုစိမ်းစိမ်းကြည့်နေတဲ့ ပါးစပ်အဟောင်းသားနဲ့ 
မိသားစုတစ်စုကိုတွေ့ ရတော့တယ်
အမှန်ကဘမောင်ဝင်လာတာအိမ်သာမဟုတ်ဝူးလေ...........
''အိမ်သာယာ''လို့ ရေးထားတာ ဘမောင်ကအိမ်သာတက်ချင်ဇောနဲ့ ''ယာ''ကိုမမြင်ပဲ နဲ့ 
အိမ်သာ လို့ သွားဖတ်တာကို
ဘမောင်တစ်ယောက်အဲ့ ဒီအကြောင်းကိုပြန်တွေးပြီး.........
အင်တာနက်ဆိုင်မှာယောင်ပြီး........
အော်ရယ်လိုက်မိတယ်...........
ရယ်သံကတော်တော်ကျယ်သွားတယ်ထင်ပ.......
ဘေးကဖော်ရိမ်ငနာကြီးက ''ဆန်းအော့(ဖ်)ဘတ်(ရှ်)"
လို့ ဆဲလိုက်တော့
ဘမောင်တော်တော်ခ့ပြင်းသွားတာပေါ့နော်
နိုင်ငံခြားကကုလားဖြူက
ဘမောင်လို မြန်မာတစ်ယောက်ကို''(၁)-နို့ သီး၈လုံးခွေးမကြီးရဲ့ သား''
လို့ ဆော်ကားလိုက်တာကို.........
((၁)အောင်(စ်)ဖို့ အဘိဒါန်မှမြန်မာအတိအကျဘာသာပြန်သည်)
ဘမောင်ကမြန်မာသွေးပြရအောင်ဆိုပြီးတော့
ဖော်ရိမ်ငနာကြီးရဲ့ ဖာတ်ပိုးကိုအုပ်ပြီးတော့မှခုပြောနေတဲ့ ''''''သတိထမင်းစားရင်းမဖတ်ရ:(1000%ဟာသနော်)''''ဆိုတဲ့ ဘလော့ကိုစရေးတော့တယ်
ဘလော့ပြီးတော့
ဖော်ရိမ်နာကြီးသတိပြန်ရလာပြီးဘမောင်ကိုအပြင်မှာ ၀မ်းဘိုင်ဝမ်းချဖို့ စိမ်ခေါ်လို့ .........
အပြင်မှာfighting ပလေးလိုက်ရတယ်ဆိုပဲ
ပြီးပါပြီ
နောက်ဆက်တွဲ
အထက်ပါအဖြစ်အပျက်များဖြစ်ပွားပြီး
၁ ပတ်ခန့် အကြာတွင်
ရန်ကုန်ဆေးရုံကြီးတွင်
တအားအားနှင့်
အော်ညီးနေသော
လူနာတစ်ယောက်ကိုတွေရပေမည်
ထိုသူမှာဘမောင်ဖြစ်ကြောင်း
ဖော်ပြရန်မလို တော့ ဟုထင်ပါသှ်........
တကယ်ပြီး၏
ဘမောင်ဆိုတာနေရာတိုင်းမှာရှိတယ်နော်
မိန်းမဆိုသည်မှာ
PS: ... ခလေးမ ...... လာ .. လာ. ... ကိုကြီးအနားလာ ........ တိုကြီး က လူပြိုကြီး
လို့ .......... အော်ဟစ်နေကြသူ လူပြို (not လူပျို) များအတွက်
........................ NM
မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေနှင့်
အလွန်အကျွံသောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့မည်ပုံ
ပြန်ရောက်လာခဲ့သည်ကို သူမမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူထလိုက်သည်။
ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်းခုံပေါ်တွင် စာရွက်တရွက်ကိုဖိထားသော
ရေတခွက်နှင့် အကိုက်အခဲပျောက်ဆေးတချို့ကို တွေ့လိုက်သည်။ ဘေးဘီကို
သူကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူတိုက်ပြီးသား အသင့်ဝတ်ရန်
အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့က ခါတိုင်းနေ့တွေနှင့်
မတူ........သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိသည်။ ဆေးကိုသောက်လိုက်ပြီး
ရေခွက်အောက်က စာရွက်ကို သူယူကြည့်လိုက်သည်။ စာရွက်ပေါ်တွင်. . .
မောင်...
ခင် ဈေးသွားလိုက်ပြီ
မောင့်အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်...
မောင့်ရဲ့
ခင်
တခုခုတော့ တခုခုပဲ.. ညက မူးမူးနှင့် သူဘာတွေပြောမိလုပ်မိလိုက်ပါလိမ့
်..
လူမှန်းမသိ မူးနေတော့ သူဘာကိုမှ စဉ်းစားလို့ မရခဲ့။
မေးခွန်းပေါင်းများစွာ နှင့် စားပွဲပေါ်က အုပ်ဆောင်းကို သူ မ
ကြည့်လိုက်သည်။မနက်စာက အငွေ့ တထောင်းထောင်းနှင့်
တကယ့်စားချင်စဖွယ်...........ဘေးတွင် မနက်ပိုင်း သတင်းစာကို
တင်ထားသေးသည်။ မနက်စာကိုစားရန် သူထိုင်လိုက်စဉ် အခန်းထဲမှ
သားထွက်လာသည်ကို သူမြင်လိုက်တော့... "သား...မနေ့ညက ဘာတွေ ဖြစ်သေးလဲ"
"အင်း.....မနေ့ညက ညဥ့်နက်မှ ဖေဖေမူးပြီး ပြန်လာတယ်လေ.. အိမ်ရောက်တော့
မေမေကို အော်ငေါက်တယ်...နောက်ပြီး တွေ့ရာပစ္စည်းတွေကိုရိုက်ခွဲတယ်..."
သား၏စကားကို သူကောင်းကောင်း သဘောမပေါက်နိုင်သေးဘဲ ထပ်မေးလိုက်မိသည်။
"ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ.ရိုက်ခွဲထားတဲ့ အရာတွေလဲ
မတွေ့ပါလား.....ဒါကို သား မေမေက စိတ်မဆိုးတဲ့အပြင် ဖေဖေအတွက် အင်္ကျီတွေ
မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်"
"အော် အဲဒါလား...မနေ့ညက ဖေဖေမူးပြီး ပြန်လာတော့..မေမေက စိတ်ဆိုးတာပေါ့။
ဖေဖေ အော်ငေါက်နေတဲ့ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲဆွဲခေါ်ပြီး အ၀တ်လဲမလို့
ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို တွန်းထုတ်ပြီး အော်လိုက်သေးတယ်"
"ဖေဖေ ဘယ်လိုအော်လိုက်သေးတာလဲ...သား"
"ကလေးမ...သွား..ငါ့အနားမလာနဲ့ ..ဝေးဝေးသွား..ငါ့မှာ အိမ်ထောင်ရှိတယ် တဲ့"
သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။
နောက် အငွေ့ တထောင်းထောင်းထနေသော မနက်စာကို မြိန်ရည်ယှက်ရည် သူစားလိုက်သည်။
modren ယုန်နဲ့ လိပ် ပုံပြင်
ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုသန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြသတဲ့။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ အပြေးပြိုင်ဖို့ လမ်းကြောင်းတစ်ကြောင်းကို နှစ်ဦးသဘောတူ ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ်။ စလိုက်တယ် ဆိုရင်ပဲ ယုန်ဟာ အားကုန် ရှိသမျှ ခွန်အားနဲ့ တဟုန်ထိုး ပြေးတော့တယ်။ လှုပ်ပဲ့လှုပ်ပဲ့ ရွေ့လာနေတဲ့ ကိုရွှေလိပ်နဲ့ အပြတ်အသတ် ကွာနေတော့ ကိုယုန်က သစ်ပင်တစ်ပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ မကြာခင်မှာပဲ အိပ်ပျော်သွားလေရဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လာနေတဲ့ ကိုရွှေလိပ်က ပန်းတိုင်ကို ရောက်မှ ကိုယုန်ခမျာ နိုးလာတော့ ဘာတတ်နိုင်ဦးမှာလဲ။ ရှုံးရောပေါ့။
အနှစ်သာရ - ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရင် အောင်ပွဲခံနိုင်တယ်။
ဒါ ကျနော်တို့ ကြားဖူးနားဝ ရှိနေခဲ့တဲ့ ယုန်နဲ့လိပ် ပုံပြင်လေးပါ။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။ တခြား စိတ်ဝင်စားစရာတွေ ရှိနေပါသေးတယ်။ ဘာတွေ ဆက်ဖြစ်သေးသလဲ ဆိုတော့ ...
ကိုယုန်က ပြိုင်ပွဲ ရှုံးသွားလို့ အတော်လေး စိတ်တိုသွားတယ်။ ဒါပေမယ့် သူ ရှုံးရတဲ့ အကြောင်းအရင်းကို ကိုယ့်ဖာသာ မညှာတမ်း ပြန်ပြီး သုံးသပ်နေမိတယ်။ ကိုယ့်ကိုယ်ကို အသားလွတ် အထင်ကြီးခဲ့မိလို့ ဆိုတာ သိလာခဲ့တယ်။ နောက်ပြီး ဂရုမစိုက်ဘူး။ အရမ်း ပေါ့ပေါ့ဆဆ နိုင်ခဲ့တယ်လို့ သူ နားလည်လိုက်တယ်။ ဒါတွေကိုသာ သူ ပြင်နိုင်မယ် ဆိုရင် သူ ကိုရွှေလိပ်ကို ဘာမနိုင်စရာ အကြောင်း ရှိမလဲ။ ဒီလိုနဲ့ ကိုယုန်ဟာ ယုံကြည်ချက် အပြည့်နဲ့ ကိုရွှေလိပ်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ကိုရွှေလိပ်ကလည်း "ကြောက်လို့လား" လို့တော့ အပြောမခံဘူး။ ပြိုင်ဖို့ ခေါင်းညိတ်လိုက်တယ်။ ဒီတစ်ခါတော့ ကိုယုန်က ပန်းတိုင်ရောက်တဲ့အထိ နည်းနည်းလေးမှကို အနားမယူတော့ဘဲ တရစက် ပြေးတော့တာပဲ။ ဒီတော့ မိုင်ပေါင်းများစွာ အပြတ်အသတ်ကွာပြီး ကိုရွှေလိပ်ကို အနိုင်ရလိုက်တယ်။
အနှစ်သာရ - ခပ်မြန်မြန်လေး တသတ်မတ်တည်း လုပ်နိုင်မယ်ဆိုရင် ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်သူကို ဘယ်တော့မဆို ယှဉ်နိုင်ပါတယ်။ ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်တတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အရှိန်ကို ခပ်သွက်သွက်လေး ထိန်းပြီး အလုပ်လုပ်သွားနိုင်ရင် ပိုကောင်းတာပေါ့။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီတစ်ခါတော့ ကိုရွှေလိပ် စဉ်းစားရပြီပေါ့။ ဒီပုံ ဒီလမ်းနဲ့သာ ပြိုင်မယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ ကိုယုန်ကို မယှဉ်နိုင်တာ သေချာနေတယ်။ သူ အကြိတ်အနယ် စဉ်းစားပြီး တခဏမှာတော့ ကိုယုန်ကို နောက်တစ်ခါ ထပ်ပြိုင်ဖို့ စိန်ခေါ်လိုက်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပြေးလမ်းကြောင်းကို အပြောင်းအလဲ အနည်းငယ် လုပ်လိုက်တယ်။ ကိုယုန်က သဘောတူတော့ ပြိုင်ပွဲကို နောက်တစ်ကြိမ် စလိုက်ပြန်ပြီ။ ထုံးစံအတိုင်း ယုံကြည်ချက် အပြည့်နဲ့ ကိုယုန်ဟာ သူ ခံယူထားတဲ့အတိုင်း ခပ်မြန်မြန်လေး မနားတမ်း ပြေးတော့တာပေါ့။ ပြေးရင်းနဲ့ အတန်အသင့် ကျယ်တဲ့ မြစ်ကမ်းနားဘေး ရောက်တော့ ကိုယုန် အတွေးနယ် ချဲ့ရပြန်ပြီ။ မြစ်တစ်ဖက်ကမ်းရဲ့ မိုင်အနည်းငယ်ကို သွားပြီးမှ သူတို့ သက်မှတ်ထားတဲ့ ပန်းတိုင်က ရောက်မယ်လေ။ ကိုယုန် ငုတ်တုတ်ကြီးထိုင်ပြီး ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားခန်း ၀င်နေတော့တယ်။ ဟိုကောင် ကိုရွှေလိပ် ဘယ်လို လုပ်မလဲဆိုတာလည်း သူ စိတ်ဝင်စားနေတယ်။ ခဏကြာတော့ ကိုရွှေလိပ်ရောက်လာပြီး မြစ်ထဲဆင်းသွားလေရဲ့။ လက်ပစ်ကူးသွားပြီး ဟိုဘက်ကမ်းရောက်တော့ မနားတမ်း ဆက်လျှောက်သွားတယ်။ ဒီလိုနဲ့ ကိုရွှေလိပ် ပန်းဝင်သွားတယ်။
အနှစ်သာရ - ပထမဆုံး ကိုယ့်ရဲ့ ယှဉ်ပြိုင်နိုင်တဲ့ အားသာချက်ကို စမ်းစစ်ပါ။ နောက်ပြီး အဲဒီ အားသာချက်နဲ့ သင့်လျော်မယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ပြီး ပြိုင်ဆိုင်ဖို့ ကြိုးစားပါ။ အဲဒီလို ပတ်ဝန်းကျင်ကို ဖန်တီးပါ။
ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး။
ဒီအချိန်မှာတော့ ယုန်နဲ့လိပ်ဟာ အင်မတန် ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပြီ။ သူတို့ နှစ်ကောင် အတူတကွ အကြံထုတ်ပြီး နောက်ဆုံး ပြိုင်ပွဲလေးတစ်ပွဲကို လှလှပပနဲ့ အဆုံးသတ်လိုက် ချင်ကြတယ်။ ဒါကြောင့် နောက်ထပ် ပြေးပွဲလေး တစ်ပွဲနွှဲပြီး စည်းလုံးမှုကို ပြဖို့ ဆုံးဖြတ်လိုက်တယ်။ ပြေးပွဲလေး စပြီ။ ဒီတစ်ခါတော့ ကိုယုန်ဟာ ကိုရွှေလိပ်ကို မြစ်ကမ်းနားပါး ရောက်တဲ့ အထိ ထမ်းခေါ်သွားလိုက်တယ်။ မြစ်ထဲမှာတော့ ကိုရွှေလိပ်က ကိုယုန်ကို ကျောပေါ်တင်ပြီး မြစ်ကို အတူကူးကြတယ်။ ဟိုဘက်ကမ်းလည်း ရောက်ရော ကိုယုန်က ပြန်ထမ်းပြီး အတူတူ ပန်းဝင်လိုက်ကြတယ်။ ဒီတခါတော့ အရင်က ခံစားခဲ့ရတဲ့ ကျေနပ်မှုထက် အများကြီးသာတဲ့ ကျေနပ်မှုတွေ နှစ်ယောက်လုံး ပိုင်ဆိုင်ကြရတယ်။
အနှစ်သာရ -တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ အောင်မြင်တယ်ဆိုတာ ကောင်းပါတယ်။ ကိုယ်ပိုင် ထူးကဲတဲ့ အရည်အချင်းနဲ့ပေါ့။ ဒါပေမယ့် စုစုစည်းစည်း တစ်ဦးချင်းစီရဲ့ အားသာချက်တွေ အသုံးပြုပြီး အဖွဲ့နဲ့ အလုပ် မလုပ်တတ်ဘူးဆိုရင်တော့ သင်ဟာ သာမန်လူ သာသာပါပဲ။ ဘာလို့လဲဆိုတော့ သင်မတတ်နိုင်တဲ့ ကိစ္စတချို့မှာ တခြားသူက ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ အနေအထားတွေ အမြဲ ရှိနေမယ်လေ။ နေရာတိုင်းမှာ နံပါတ် တစ် ဆိုတာတော့ ဘယ်ဖြစ်နိုင်မလဲ။ ဒီတော့ အားလုံး ခြုံကြည့်လိုက်ရင် သင်ဟာ သာမန်လူ သာသာပဲ။ စုစည်းလုပ်ဆောင်မှုမှာ အခြေအနေအရ ခေါင်းဆောင်တွေ အပြောင်းအလဲ လုပ်ပေးရမယ်။ သူတို့ရဲ့ ထူးကဲတဲ့ အားသာချက် စွမ်းရည်တွေအပေါ် မူတည်ပြီးတော့ပေါ့။
အထက်က ပုံပြင်မှာဆိုရင် ယုန်ကော လိပ်ပါ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပေမယ့် နောက်မဆုတ်၊ လက်မတွန့်ခဲ့ပါဘူး။ ယုန်ဟာ ရှုံးပွဲနဲ့ ကြုံရပြီးနောက်ပိုင်း အရင်ကထက် ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်ခဲ့တယ်။ လိပ်ဟာလည်း သူ အစွမ်းကုန် ကြိုးစားပြီးတာတောင် မအောင်မြင်နိုင်တော့ လမ်းဟောင်းကို စွန့်ပြီး နည်းဗျူဟာ အသစ်ကို ပြောင်းသုံးဖို့ ၀န်မလေးခဲ့ဘူး။
ကျနော်တို့ ဘ၀မှာကော ....။ ဆုံးရှုံးမှုတွေနဲ့ ကြုံလာရတဲ့အခါ တစ်ခါတလေ ပိုကြိုးစားပြီး ပိုအားစိုက်ထုတ်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ တစ်ခါတလေမှာ နည်းဗျူဟာ နဲ့ တခြား ပြောင်းလဲမှု တစ်စုံတစ်ရာ လုပ်ယူရတယ်။ တစ်ခါတလေတော့လည်း နှစ်ခုစလုံး တပြိုင်တည်း လုပ်ရလိမ့်မယ်။ ကျနော်တို့ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြမယ့်အစား လက်ရှိအခြေအနေတွေကို စိန်ခေါ်နိုင်ရင် ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာပါလိမ့်မယ်။
အပျိုလဲဟုတ်ဝူး..........ဒိုင်း
ပျားရည်ဆမ်းခရီးထွက်ရန် ပြင်ဆင်နေချိန်တွင် သားဖြစ်သူကို သူ၏
စာကြည့်ခန်းထဲသို့ခေါ်ပြီး ကျည်ဆံ နှစ်တောင့်နှင့်
ခြောက်လုံးပြူးတစ်လက်ကို ပေးလေသည်။
"ဒီမှာ ငါ့သားလူလှရေ၊ မင်းတို့ ပျားရည်ဆမ်းခရီး မင်္ဂလာဦးညမှာ မင်းမိန်းမ
မချောမေ အပျိုစင် မဟုတ်ဘူးဆိုရင် မင်းမိန်းမကို ပစ်သတ်ပေတော့။
အပျိုစင်အစစ်ဆိုရင်တော့ လေထဲမှာ တစ်ချက် ထောင်ပစ်ဟေ့ .. ကြားလား" ဟု
ဖခင်ဖြစ်သူက မောင်လူလှကို မှာလေသည်။
ပထမညတွင်တောင့် မောင်လူလှလေးသည် လေထဲတွင် သေနတ်တစ်ချက် ထောင်ပစ်လေသည်။
ဒုတိယညမှာတော့ မချောမေကိုတည့်တည့်ပစ်လေသည်။ အကြောင်းမှာ
အပျိုစင်မဟုတ်သောကြောင့်တည်း။
ဆင်းရဲသား
မူန်ပျပျအလင်ရောင်အောက်
ကုန်ကျမဲ့ အသုံးစရိတ်ငါတွက်နေရတယ်
မနက်ဖြန်အရင်းမပြုတ်ဖို့ .....................
မူန်ပျပျအလင်ရောင်အောက်
အသကုန်ကျတဲ့ စာမေးပွဲအတွက်စာကျက်နေရတယ်
နောက်နှစ်ဘွဲ့ ယူနိုင်ဖို့ ........................
မူန်ပျပျအလင်ရောင်အောက်
အလုံ နားကအမျိုးသမိး တစ်ယောက်အတွက် ခေါင်းခြောက်နေရတယ်
ရွှေလက်စွပ်ဆင်တူဝတ်ရအောင်တဲ့ .........
A to Z ပေါက်ကရ
A a a ................... ဆိုတဲ့အေးရိပ်သာယာလေးမှာ အ ကြင်နာကဘာ ငယ်လေးပျက်စီးခဲ့ပါ B
B b ...................... ဘရန်ဒီသောက်ခါစိတ်ဖြေမည်
C c ..................... အတွေးတွေအစီအရီတွေးတော့ ပကာသနမရှိလို့ မမုန်းတာဖြစ်မည်
D d d .................. နေရာလမ်းခွဲတာအတည်..............တယောက်ထဲ
E F G .................. ခရီးဆက်ခဲ့ပါသည်....ကိုယ်
ံH ....................... မရအိပ်မရတဲ့ညတွေများနေပြီ........
I ......................... ကိုတွေ့  တောင်ခြေမဆေးတဲ့ယောကျာ်း ကတိ ပေးတာ မှားကုန်ပြီ
J K L M N O P .... အခြေအနေတလွဲကံချော်ပြီ...
Q R S T................ သူညာရက်ပါသည်
U V နဲ့  W............... မတူညီတဲ့နှစ်ခု.....
X Y Z.................... လိုဆက်လို့  မရနိုင်ပြီ်..................!
လူမထွက်ဘူး
ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ
ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။
ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။
ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။
ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။
ဒါကဒီလိုရှိပါတယ်။
မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်
"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။"
မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်
"သြော် ကျွန်တော်ရေးတာပါဆရာ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။"
စိတ္တဇ ဟာသများ (၄)
           စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
 လက်ထဲတွင်လည်း  သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
                  "ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."
                  "မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."
                 "မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."
                  "မဆင်းဘူးဆရာ...မဆင်းဘူး"
  ဆရာဝန်လဲ ကြံရာမရ  ဖြစ်နေတယ်။အဲဒီ အချိန်မှာ  နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က
 အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
        "ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."
          "ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."
                         ပထမလူနာလဲ  သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
              "မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."
စိတ္တဇ ဟာသများ (၃)
                  စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
                        လူနာများသည်  နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။ ဆရာဝန်တစ်ယောက်  ကလူနာများကို
မေးသည်။ 
                       "37............37............37"
                       "ဘာလို့ 37  လို့ အော်နေရတာလဲ"
                             လူနာများကအပေါ်ကို လက်ညိုးထိုး  ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
                        "37.................37......"
                        "ဘာလိုအဲဒီလိုအော်နေကြတာလဲ"
                            လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ 
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
             "ငါကိုပြောကြစမ်းပါအုံး....ဘာလို့ 37 လို့ အော်နေတာလဲ.."
              လူနာများကအောက်ကို လက်ညိုးထိုး  ပြကြတယ်။ ဆရာဝန်လည်း  အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။ အဲဒီမှာ နောက်နားက     လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ  ကန်ချလိုက်တယ်။  ပြီးတော့လူနာတွေက  ဆက်ရွတ်ကြတယ်။
                     "38.............38............
......38"
စိတ္တဇ ဟာသများ (၂)
               စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန်ကတော့
လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။ အဲဒီမှာ လေယာဉ်ထဲ ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။ ဆရာဝန်က အရုးခေါင်းဆောင်ကို
ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။ 
               "ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
               "ဘောလုံးကန်နေကြတာပါ ဆရာ"
               "ဟာ.....လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း"
               "ဟုတ်ကဲပါဆရာ"
                      အရုးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။ ဆရာဝန်သည်သဘောကျသွားသည်။                ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။ 
                      "မင်းဘယ်လိုထိန်းလိုက်တာလဲ...တိတ်ဆိတ်သွားတာပဲ"
                      "ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို.....အဲဒါနဲ့ ကျွှန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာ အခု
သူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "
ကြိုက်တာဝယ်စား
အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "
@hp
စည်းကမ်းရှိသူ
" လူတွေကစည်းကမ်းမရှိကြဘူးဗျာ ။ ငှားပြီးရင်ပြန်မပေးချင်ကြဘူး ။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မပြောတတ်ဘူး "
" ကျွန်တော့်ပတ်ဝန်းကျင်က စည်းကမ်းရှိရှိပြန်ပေးပါတယ် ။ မိုးတွင်းတုန်းကငှားသွားတဲ့ထီးကို ဆောင်းတွင်းကျတော့ လာပြန်ပေးပြီး စောင်ပြန်ငှားသွားတယ် ။ နွေရောက်တော့ စောင်လာပို့ပြီး ယပ်တောင်ပြန်ငှားသွားကြတယ်ဗျ "
@hp
မှားယွင်းမှု၏ရလဒ်
" မင်းနဲ့ငါနဲ့ညားလာတာ အခုဆိုရင်အိမ်ထောင်သက်တမ်း အနှစ်အစိတ်ရှိပြီ ။ တကယ်တမ်းပြောရရင် အဲဒီကိစ်စဟာ မှားယွင်းမှုတစ်ခုရဲ့ ရလဒ်ပဲ "
" ဘယ်လို ဘယ်လို ဘာပြောတယ် ရှင်းစမ်းပါဦး "
" ဒီလိုလေ၊ အဲဒီမင်းကို စတွေ့တဲ့နေ့က ငါလေချွန်မိတာ မင်းကိုခေါ်တာ မဟုတ်ဘူး ။ တက္ကစီသမားကိုကွ " @hp
သိနားလည်မှု  
" မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ "
" ပါပါတယ်ဆရာ၊ ကျွန်တော် စန္ဒရားတီးတတ်ပါတယ်။ စန္ဒရားအကြောင်း ကောင်းကောင်းသိပါတယ် "
" ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းကဦးဆောင်ပြီး ဂရုစိုက်တင်ပေးစမ်းပါကွာ " @hp  
သူ့လက်ရာ
 " ဒီနေ့ ကျွန်မချက်ကျွေးတဲ့ဟင်းက ဘယ့်နှယ်နေလဲဟင် "
" ကောင်းတယ် မိန်းမရာ၊ ချိုပြီးဆိမ့်နေတာပဲ "
" မဟုတ်သေးပါဘူးတော်၊ ချက်နည်းပြုတ်နည်းစာအုပ်ထဲမှာ ချဉ်စပ်လို့ရေးထားတယ်ရှင့် " @hp  
ထီးတစ်လက်၏သံသရာ
" အခုလာရတာကတော့ လွန်ခဲ့တဲ့သုံးရက်က ကျွန်တော့်ဆီက ငှားသွားတဲ့ထီးကို ပြန်ယူချင်လို့ပါ "
" ဟောဗျာ၊ သူငယ်ချင်းတစ်ယောက် မနေ့ကအိမ်လာလည်ရင်း ခဏငှားသွားတယ်ဗျ။ သူ့ဆီသွားတောင်းတော့ ယောက်ဖတစ်ယောက် ခဏငှားသွားလို့ပါတဲ့။
အရေးကြီးသလား၊ လိုက်ရှာပေးမယ်လေ "
" အရေးကြီးပါသော်ကောဗျာ။  ကျွန်တော်ကလည်း အဲဒီထီးကိုငှားဆောင်းလာခဲ့တာ။ အဲဒါလာတောင်းနေလို့ဗျို့။ သူကလည်းဒီထီးဟာ သူ့ထီးမဟုတ်ဘူး
ခဏငှားလာတာတဲ့ " @hp
စိတ်ချစမ်းပါ
" ဒီမှာရှင့် လေယာဉ်ပျံမောင်းတဲ့ဆရာကြီး၊ ကျွန်မတစ်ခါမှ လေယာဉ်ပျံမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ခရီးသည်တွေအားလုံးဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ်ပြန်ရောက်မှာပါနော် "
" စိတ်ချပါဗျာ။ ကျွန်တော်လေယာဉ်မောင်းလာတာကြာပါပြီ။ ဘယ်သူ့ကိုမှ ကောင်းကင်မှာမထားခဲ့ပါဘူး " @hp
ယုံပါတယ်
" တစ်ဆိတ်လောက် ခင်ဗျား၊ ကျွန်တော့်စက်ဘီးကို ကြည့်ထားပေးစမ်းပါ "
" ဟေ့ကောင် ငါကအယ်ဒီတာကွ "
" ရပါတယ်၊ ကျွန်တော်ခင်ဗျားကိုယုံပါတယ် " @hp
မေမေ့စကား
" လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား "
" ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ်စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ " @hp
ဘယ်သူ့လက်ချက်လဲ
" ဟိုနေ့က လေးထပ်တိုက်ပေါ်က မင်းခုန်ချတာ အံ့သြတယ်ကွာ၊ ရုပ်ရှင်ထဲက စတန့်မင်းသားတွေ စွန့်စားပြတဲ့အတိုင်းပဲ၊ ကားရိုက်ဖို့လေ့ကျင့်နေတာလား "
" ဟင်း ..... ဟင်း ..... ငါလည်း စဉ်းစားနေတာ၊ ဘယ်သူများ ငါ့ကိုတွန်းချလိုက်တာလဲလို့ " @hp
  တစ်ယောက်တစ်လှည့်
" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "
" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေ ကျပ်နေတော့တစ်ယောက်ယောက် မရှိရင်လည်းမဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးကငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ " @hp
  သူ့နေရာသူပြန်သွား
" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီလဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် "  @hp
 မေးမှသိတယ်
" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "  @hp
ပြောချင်တာကဒီလိုပါ
" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။ ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။ ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း ..... ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ " @hp
ဘယ်သူမှမပြောနဲ့နော်
" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကို ပြောင်းသွားတာတစ်ပတ်လောက်ပဲရှိေ
သးတယ် မြေးရဲ့ " @hp
စနစ်တကျအသုံးပြုနည်း
" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား " @hp
နားလေးသူမို့ပါ
" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့ လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် " @hp
ဟိုတစ်မျိုး ဒီတစ်မျိုး
" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp
မေမေ့တာဝန်ထားလိုက်
" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp
အမွေဆက်ခံမိလို့
" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp
မမြောက်ပါနဲ့ဗျာ
" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှ မနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ  "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ " @hp
အထင်နဲ့အမြင်
" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp
ထင်တာကတခြား
" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် " @hp
သိချင်လို့
" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ " @hp
ပြင်ပအစားအစာ
" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် " @hp
သမ်းပြတာမဟုတ်ပါ
" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲ သမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်း ခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ " @hp
ယောက်ျားဆိုတာ
" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "
@hp
တလွဲမထင်ပါနဲ့
" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊ ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ " @hp
ဆရာ့ညွှန်ကြားချက်
" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် " @hp
လိုချင်ရင်ပြောပါ
" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊ အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား " @hp
မဆုတ်သာ မတိုးသာ အခြေအနေ ( DEADLOCK )
မဆုတ်သာ မတိုးသာ အခြေအနေ ( DEADLOCK )
အလုပ်ရှင်က အတွင်းရေးမှူးမကို ပြောသည်။ ငါ့တို့ နိုင်ငံ့ခြားကို
တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာရှိတာတွေ စီစဉ်ထား။
အတွင်းရေးမှူးမက သူ့ယောင်္ကျားထံ ဖုန်းဆက်၏။ ကျွန်မ သူဌေးနဲ့ ကျွန်မ
နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ် ။ ရှင် ကိုယ့်ဘာသာကိုယ်
ကြည့်နေနော် ယောကျာင်္းက သူ့တိတ်တိတ်ပုန်း ချစ်သူထံဖုန်းခေါ်သည်။
ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာသွားရလိမ့်မယ်။ ဒါကြောင့်
ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။ တိတ်တိတ်ပုန်းချစ်သူက သူမ သီးသန့်
ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါ တစ်ပတ်လောက်
အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး ကောင်လေးက
သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့်ဆရာမ အလုပ်များနေလို့
တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး
အချိန်ဖြုန်းရအောင်။ အဘိုး(အလုပ်ရှင်သူဌေး)က သူ့အတွင်းရေးမှူးကို
ဖုန်းဆက်သည်။ ဒီအပတ်ငါမြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲဒီ အစည်းအဝေးကို
မတက်နိုင်တော့ဘူး။
အတွင်းရေမှူးက သူ့ယောင်္ကျားကို ဖုန်းခေါ်သည်။ ကျွန်မအလုပ်ရှင်က ဒီတစ်ပတ်ထဲ
လုပ်စရာလေးတွေရှိတယ်။ ခရီးစဉ်ကို ဖြက်လိုက်တယ်။ ယောင်္ကျားက
သု့တိတ်တိတ်ပုန်းချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူ
အချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရီးစဉ် ဖျက်လိုက်တယ်။
တိတ်တိတ်ပုန်းချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။
ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။ ကောင်လေးက
သူ့အဘိုးထံဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရာမက ပြောတယ်။
ကျူရှင်တက်ရမယ်တဲ့ အဘိုးနဲ့ အဖော်မလူပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး။
အဘိုး (အလုပ်ရှင်)က သူ့အတွင်းရေးမှူးထံ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့။
အဲဒီ အစည်းအဝေးကို ဒီတစ်ပတ် ဒို့တက်ရလိမ့်မယ်။ ဒါကြောင့်
စီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်။
အဲဒါကို မဆုတ်သာမတိုးသာ အခြေအနေဟု ခေါ်သည်။
အားလုံးရယ်မောပျော်ရွင်နိုင်ပါစေ... Lozz..
အချစ်ဟာသတစ်ပုဒ်
သို့
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး
မင်းရဲ့
ကိုကို
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်
သို့
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀
ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။
ကိုကို့ရဲ့
ချစ်လေး
ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း (ရယ်စရာလေးပါပဲ)
" အနှစ်လို  အချစ်ပိုချင်ရင်  *စစ်ဗိုလ် *ကိုစဉ်းစားပါ "
" ကညာမွန်  အညာလွန် ချင်ရင် *ဆ၇ာဝန်*  ကိုရွေးပါ "
" ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ "
" အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ "
" ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ "
" အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား*  ကို လည်း မယူနဲ့ "
" အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်*  လည်းမရွေးနဲ့ "
" အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစား
နဲ "့
" ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ "
" အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ "
" ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ "
" ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း  *ကောင်လည်း မရွေးနဲ့ "့ 
" ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်းေ၇ှာင်ပါ "
"  ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ "
" မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ** *့ဆ၇ာလည်း မရွေးနဲ့"
"နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့"
The best medicine
နတ်သဘင် အစည်းအဝေးက အချိန်နီးကပ်နေပြီ ..။ ဦးရုက္ခစိုး အသည်းအသန် ပြေးသွားရသည်။ ဆီဈေးကျပေမယ့် ကားခတွေက ဈေးမကျတော့ တက္ကစီမစီးနိုင် ဘတ်စ်ကားနဲ့ပဲ ဖြစ်သလို သွားလိုက်ရသည်။ ကျင်းပရာနေရာက နေပြည်တော် ကြတ်ပြေးနှင့် တည့်တည့် အထက် နတ်ပြည်ခြောက်ထပ်က ဆီအိုးနား နတ်ဘုံနတ်နန်းမှာ .. ။ ဒိုင်ခံ ရှင်းလင်း ဖြေကြားမည့်သူက ချိုကုတ်ဒူးကြီး၏ ကိုယ်စောင့်နတ် ... ။ နတ်တို့ဥသျှောင် သိကြားမင်းက နာကြားမည် ..။ မေးမည့် ပြောမည့်သူများက မြန်မာ့နတ်ပေါင်းစုံ …။
ဦးရုက္ခစိုးရောက်တော့ အချိန်လွန် နေသော်လည်း အခမ်းအနား မစသေး။ ခန်းမထဲ ကမန်းကတန်း ဝင်ပြီး တွေ့ရာ နေရာမှာ ထိုင်လိုက်ရာ အသက်ကြီးကြီး နတ်အမယ်အို တပါး ဘေးတွင် ထိုင်မိလျက်သား ဖြစ်နေသည်။
?ui=2&view=att&th=120d15ae27caa81f&attid=0.1&disp=attd&realattid=ii_120d15ae27caa81f&zw
ရုက္ခစိုး။     ။ ဟင် .. အမေဂျမ်းပါလား။ မျက်နှာလည်းမကောင်းဘူး။ ဘာဖြစ်လို့လဲ။
အမေဂျမ်း။     ။ ဟုတ်တယ်။ ကျုပ် ခု နာမည်ပြောင်းတော့မလို့။
ရုက္ခစိုး။     ။ ဟင် ဒီနာမည်က အမေဂျမ်းနဲ့ ဒီလောက်လိုက်ဖက်တဲ့ဟာ ..။ ဘာလို့ ပြောင်းမှာလဲ။
အမေဂျမ်း။     ။ ဟဲ့ .. ငါက ကြမ်းလို့ ရမ်းလို့ အမေဂျမ်းဆိုတဲ့ နာမည်ယူထားတာလေ .. ။ ခု ငါမနိုင်တဲ့ အမေကွိုင် ဆိုတာ ပေါ်နေပြီတဲ့။ ချိုကုတ်ဒူးကြီး ကတော်ပေါ့ ..။ အဲဒါငါ့နာမည်ကို အမေပျော့ ဆိုပြီး ပြန်ပြောင်းမလို့ လာပြောတာ။ အောင်မယ်လေး ကိုကိုတက်ခါးရဲ့ .. ကျုပ်တော့ ဘဝဆုံးပါပြီ။ ဂျမ်းလေးတော့ ဘဝပျက်ပါပြီ။ တသက်လုံး ကြမ်းခဲ့ရမ်းခဲ့ သမျှ .. ကျုပ်ထက်သာတဲ့သူကို နေရာဖယ်ပေးရတော့မယ်တော့ .. အဟော့ .. အဟော့။
“စကတည်းက ယဉ်သကိုဖြစ်နေပြီ” ဟုတွေးရင်း ဦးရုက္ခစိုး .. နေရာ ရွှေ့လိုက်သည်။ သူရွှေ့လိုက်သည့်ခုံ ဘေးမှာ ဗိုက်ပူနံကား နတ်တပါး ထိုင်နေသည်။ တကိုယ်လုံးလည်း ဝါထိန်နေ၏။
ရုက္ခစိုး။     ။ ဒီက နောင်ကြီးကို မြင်ဖူးသလိုပဲဗျ။ ကိုယ်ရောင်ကိုယ်ဝါကလည်း တောက်ပလိုက်တာ။ နောင်ကြီးက ဘယ်သူလဲဟင် .. (မေးရင်း မျက်စိက သူ့လက်ထဲမှာ အရက်ပုလင်းကို တွေ့လိုက်မှ မှတ်မိသွားသည်) ဟင် .. ကိုကြီးကျော် .. တို့ကိုကြီးကျော်မဟုတ်လား။
ကိုကြီးကျော်။     ။ အေ့ .. ဟုတ်တယ်။ မင်းက ဘယ်သူတုန်း။ ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ။
ရုက္ခစိုး။     ။ ကျနော် .. ကျနော်က ချင်းမိုင်ရုက္ခစိုးပါ။ ကိုကြီးကျော် အသားလေးတွေ ဝါဝင်းနေတာပဲ .. ဘယ် လိုးရှင်းလိမ်းလဲဟင်။
ကိုကြီးကျော်။     ။ ဟေ .. အဲဒါလိုးရှင်းလိမ်းလို့မဟုတ်ဘူးဟ။ မြန်မာပြည်မှာ အရက်တုတွေပေါလို့ ကိုကြီးကျော်တို့ အသည်းရောဂါ ရနေတာဟ။
ဦးရုက္ခစိုး။     ။ ခင်ဗျာ .. ဒါဆို ဘီလား .. စီလား။
ကိုကြီးကျော်။     ။ နောက်ဆုံးပေါ် အသည်းရောဂါ ဘီအီးဒီစီ ဟေ့ သိပြီလား။ တော်တော်လျှာရှည်တဲ့နတ်။ အသည်းရောင်ပြီး အသားဝါနေတာ ကိုများ ကိုယ်ရောင်ကိုယ်ဝါ တောက်ပသလေး ဘာလေးနဲ့ .. တုံးလိုက်တဲ့ကောင်ကွာ။
ဦးရုက္ခစိုး။     ။ ဒါဆို ရိုးရာမပျက် ထန်းရည်လေးပဲချပါလားဗျာ (လေပျော့လေးနှင့်)။
ကိုကြီးကျော်။     ။ ဟ .. သန်းရွှေဆိုတဲ့ကောင် လက်ထက်မှာ ထန်းရည်တောင် မစစ်တော့ဘူး ..။ ခု ကျုပ်ကို အတုတွေပဲ ဆက်နေလို့ အသည်းရောဂါ ရနေပါတယ်ဆိုမှ .. ။ ဒါကြောင့် ဟိုအကောင် ငရွှေ့ပီအေကို ကွန်ပလိန်း တက်ဖို့လာတာ .. ။ အရေးထဲ ရုက္ခစိုးဆိုတဲ့ကောင် သောက် စကားလာရှည်နေတယ်။
ကိုကြီးကျော်က ဘုတောလိုက်ရာ ဦးရုက္ခစိုးနည်းနည်း လန့်သွားသည်။ နတ်သဘင် ဆိုတော့ ဖိုးရှုပ်နှင့် ကြွက်စုတ် ကိုလည်း ခေါ်လာလို့မရ။ အားငယ်လာသည်။ အစည်းအဝေးကလည်း မစနိုင်သေး။ သိကြားမင်း မရောက်သေးဘူး ကြားသည်။ ခဏနေတော့ သိကြားမင်း ချွေးသံတရွှဲရွှဲနှင့် ရောက်လာပြီး .. သူထိုင်ရမည့်ခုံမှာ ဝင်ထိုင်လိုက်သည်။
သိကြားမင်း။     ။ ကျုပ်နည်းနည်း နောက်ကျသွားတဲ့အတွက် နတ်အပေါင်းကို တောင်းပန်ပါတယ်။ ကျုပ်မှာလည်း ကျုပ်အရေးနဲ့ ကျုပ် ဒုက္ခရောက်နေလို့ ..။ ဟို မြောက်ကိုရီးယားဆိုတဲ့ အကောင်တွေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်က ကျုပ်ကျောက်ဖျာကို အဖျားလာခတ်သွားတာလေ .. အဲဒါသုဇိတာတို့က မနေရဲလို့တဲ့ .. သူတို့ကိုပါ တပါတည်း ခေါ်ခဲ့ရတယ် .. ကိုင်းကိုင်း .. စလို့ရပြီ စကြတော့။
သိကြားမင်းက စခိုင်းလိုက်သည်နှင့် အလွန်ပြောချင်ဆိုချင်နေသူ တောင်ကြီး ဘိုးဘိုးကြီး ထိုင်ရာက ထလိုက်သည်။
တောင်ကြီးဘိုးဘိုးကြီး။     ။ ဒီလိုပါ .. ကျုပ် တသက်လုံး လုပ်ကိုင်စားသောက်လာတဲ့ လက်ဖက်တွေကို ခုမှ ရမယ်ရှာပြီး ဟိုပိတ်သည်ပိတ်နဲ့ လုပ်နေပါတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ သိချင်တယ်။
တောင်ကြီးဘိုးဘိုးကြီးစကားကို ဘေးက ကိုးမြို့ရှင်နှင့် အမေပုလဲယဉ်တို့က ထောက်ခံသည်။
ကိုးမြို့ရှင်။     ။ ဟုတ်ပါတယ် ရှင်းပါ။ ဒီကိစ္စအရေးကြီးတယ်။ ကျုပ်တို့က တသက်လုံး လက်ဖက်စား လာတာ။ လက်ဖက်မှ မစားရရင် ဘာသွားစားရမှာလဲ။ သူများလို အရက်လည်း သောက်တာမဟုတ်။
ကိုကြီးကျော်။     ။ ဟေ ဒီလိုကိစ္စမျိုးရှိလား..၊ ပြောချင် ကိုယ့်ကိစ္စကိုယ်ပြောကြဟေ့နော် .. သူများကို လာစောင်းမပြောနဲ့။ ကိုကြီးကျော်တဲ့ တကျော်တည်းရှိတယ်ကွ။ တို့က လက်ဖက်နဲ့မမြည်းဘူး ကြက်နဲ့ပဲမြည်းတယ် .. ကြက်ကြော် .. ကြက်ကြော် ..။
ကိုကြီးကျော်က သူ့ကိုစောင်းပြောသည်ထင်ပြီး ထကြမ်းနေသောကြောင့် သိကြားမင်း၏ ပီအေ မာတလိက ငြိမ်ငြိမ် နေပေးဖို့ တောင်းပန်နေရသည်။
ချိုကုတ်ပီအေ။     ။ ဟာ .. ဒါက ဒီလိုရှိပါတယ်။ ဒီကိစ္စက ချိုကုတ်ဒူးကြီး တကယ်မသိတာပါ။ အနှစ် ၂၀ လောက် အိပ်ပျော်နေတဲ့ ကျန်းမာရေးဝန်ကြီးက ခုမှ လန့်နိုးပြီး လုပ်မိလုပ်ရာ ထလုပ်တာပါ။ သူလည်း ရွေးကောက်ပွဲ ဝင်မှာ ဆိုတော့ .. အလုပ်လုပ်ကြောင်း ပြချင်တာနဲ့ ဝင်ရမ်းတဲ့သဘောပါပဲ။ စားကြပါ .. ဆက်စားကြ .. ဘာမှမဖြစ်ဘူးစိတ်ချ။
ချိုကုတ်ဒူးကြီး၏ ကိုယ်စောင့်နတ်က သွားကလေးဖြီးကာ ထရှင်းသည်။ ထိုစဉ် အပေါက်ဝမှ ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။ အပေါက်စောင့်နတ်သားက ချက်ချင်းဝင်ခွင့်မပေး။ အပြင်တွင် ရောက်နေသူတဦးက ဦးရုက္ခစိုးကို တွေ့ကာ “ချင်းမိုင်ရုက္ခစိုးရေ .. လုပ်ဦးဟ .. ။ ငါတို့က နာဂစ်ရုက္ခစိုးတွေ။ အထဲ ဝင်ခွင့်ရအောင် ပြောပေးဦး” ဟု လှမ်းအော်သည်။ ဦးရုက္ခစိုးက အပေါက်စောင့်နတ်နှင့် ညှိပေးလိုက်မှ အဆင်ပြေသွား သည်။
နာဂစ်ရုက္ခစိုး။     ။ သိကြားမင်းကြီးခင်ဗျာ။ ကျနော်တို့အားလုံးက နာဂစ်မုန်တိုင်းကြောင့် လဲသွားတဲ့ သစ်ပင်တွေက ရုက္ခစိုးတွေပါ။ ခု နတ်ဒုက္ခသည်စခန်းတခုမှာ နေနေရပါတယ်။ ကျနော်တို့ သစ်ပင်တွေအားလုံး မရှိတော့ ကျနော်တို့တွေ လည်း နာဂစ် ရုက္ခစိုးတွေ ဖြစ်ကုန်ပါတယ်။ အဲဒါ သစ်ပင်တပင်စီ ပြန်ပေးစေချင်ပါတယ်။
သိကြားမင်း။     ။ အင်း .. ဒါတော့ ဟုတ်တယ် .. ကိုယ်စောင့်နတ်ကြီး။ အဲဒါ ဘယ်လိုလုပ်မှာလဲ။
ချိုကုတ်ပီအေ။     ။ ဘယ်လိုမှ လုပ်လို့မရဘူးလေ။ နာဂစ်သစ်ပင်တွေအားလုံး ပန်းပုထု ရောင်းပြီး ဗိုလ်ချုပ် ကတော်တွေအတွက် ရန်ဘုံးငွေ .. အဲ .. ဟိုဒင်းပေါ့ဗျာ။ ဘယ်လက်ထက်မှာမှ မဖြစ်ဘူးခဲ့တဲ့ နာဂစ်၊ ချိုကုတ်ဒူးကြီးရဲ့ လက်ထက်မှ ထူးထူးခြားခြား ဖြစ်တာ ဆိုတော့ အမှတ်တရအနေနဲ့ လုပ်ထားသင့်တယ်မဟုတ်လား။
သိကြားမင်း။     ။ ဒါဆို တခြားတောပြောင်းပေးလိုက်လေ .. ။
ချိုကုတ်ပီအေ။     ။ အဲ .. အဲဒါကလည်း တေဇတို့ခုတ်တာ ကုန်သလောက်ဖြစ်နေလို့ အဲဒီတောက ရုက္ခစိုး တွေအတွက်တောင် တန်ဖိုးနည်း သစ်ပင် စိုက်ပေးရဦးမှာ ..။ ဒီလိုလုပ်ပါလား ဒီရုက္ခစိုးတွေကတော့ လောလောဆယ်မှာ ဒုက္ခသည်စခန်းတခုခုမှာနေ .. ။ ပြီးရင် .. အနောက်နိုင်ငံတခုခုကို ထွက် .. ဟိုမှာ နိုင်ငံသားခံယူ .. ခုထဲက ဆူရှီလေး ဘာလေး လိပ်တာ သင်ထားကြပေါ့။
ဦးရုက္ခစိုး။     ။ (အတွေးထဲမှ) ငါပါ ရောပြီးဆူရှီလိပ်ရမယ့် သဘောရှိတယ် .. ခပ်ဝေးဝေးရှောင်နေမှ ..။
ဦးရုက္ခစိုး ထိုင်နေရာက အသာထပြီး နေရာရွှေ့ဖို့ပြင်ရာ ဘေးက ရုပ်ခပ်ဆင်ဆင် နတ်နှစ်ပါးရှေ့မှ ကွယ်သလို ဖြစ်သွားသဖြင့် တဦးက ဦးရုက္ခစိုးကို တွန်းဖယ်လိုက်သည်။
ဦးရုက္ခစိုး။     ။ ဟာ ဗျတ်အိတ် (8) နဲ့ ဗျတ်နိုင်း (9) ညီနောင်ပါလား။
ညီနောင်နှစ်ပါး။     ။ ဘာဗျ .. ဗျတ်ဝိနဲ့ ဗျတ်တ လုပ်ပါ .. ခင်ဗျားက ရှေ့ကလည်းကွယ်သေး .. နာမည်လည်း ဖျက်သေးတယ်။
ဦးရုက္ခစိုး။     ။ ခင်ဗျားတို့ တီရှပ်တွေမှာ ထိုးထားတာပဲ ကြည့်ဦးလေ။ ဝ လုံးကြီးတင် ဆိုတာ အင်္ဂလိပ်လို အိတ်ပဲဟာ။ တဝမ်းပူကို ထောင်လိုက်ရင် နိုင်း ဖြစ်တာပဲ .. ဒါကြောင့် ဗျတ်အိတ်နဲ့ ဗျတ်နိုင်းလို့ ခေါ်တာ။
ဗျတ်ဝိ။     ။ အင်း မဆိုးဘူး။ ခင်ဗျားဒီလို လိုရာဆွဲတွေးတတ်ပုံနဲ့ မြန်မာပြည်မှာ စာပေစိစစ်ရေး ညွှန်မှူး လုပ်သင့်တယ် သိလား။
ဦးရုက္ခစိုး။     ။ မဖြစ်ပါဘူးဗျာ ..။ ကျနော်က အယ်ဒီတာချုပ်တွေ ပေးစာကမ်းစာ စားချင်တာ မဟုတ်ဘူးဗျ။ အမတ်လုပ်ပြီး ရွေးကောက်ပွဲဝင်မလား စဉ်းစားနေတာ ဟဲဟဲ။ ဒါနဲ့ ခင်ဗျားတို့နှစ်ယောက်က ဘာဖြစ်ကြ ပြန်တာလဲ။
ဗျတ္တ။     ။ ဟာဗျာ .. ကျုပ်တို့ဟာကျုပ်တို့ ဖောင်နဲ့မျောလာတာကို ရိုဟင်ဂျာပါဆိုပြီး အတင်း ဓာတ်ပုံတွေရိုက် .. သတင်းတွေလုပ်လို့ဗျို့ .. ။ မျောတာတောင် အေးအေးဆေးဆေး မမျောရဘူး။ ပြီးတော့ ကျုပ်တို့ကို ဘင်္ဂလားဒေ့ရှ် သွားခိုင်းလို သွားခိုင်း .. မြန်မာပြည်ပြန်ခိုင်းလိုခိုင်းနဲ့ ..။ အဲဒါလာတိုင်တာ။ ခု အလှည့်မကျသေးလို့ စောင့်နေတာဗျ။
ထိုစဉ်အလှည့်ကျသည့် အနီရောင်ဝတ်စုံနှင့်တဦး ရုတ်တရက်ထရပ်လိုက်ရာ ဗျတ်ဝိက အလန့်တကြားနှင့် “ဟာ .. ထိုင်းက အနီရောင်ဝတ် ယူဒီဒီ ကိုယ်စားလှယ် ထင်တယ်ဟ .. အဲဒါဆိုရင်တော့ ကြောက်တယ်” ဟု ထအော်သည်။
ဦးရုက္ခစိုး။     ။ မဟုတ်ပါဘူးဟ .. ဇော်ဂျီပါ။
ဇော်ဂျီ။     ။ သိကြားမင်းကြီးခင်ဗျာ .. ။ ကျနော်ခု ဆေးရှာရတာ အခက်အခဲဖြစ်နေပါတယ်။ ရှိသမျှသစ်တောလည်း ပြုန်းတာကော ခုတ်တာကောကုန်ပြီ။ ခု ဇော်ဂျီ တောပြောင်းရမလိုဖြစ်နေပြီ။ ရုက္ခစိုးတွေနဲ့ ဒုက္ခသည်စခန်း သွားနေရ ကောင်း မလားမသိဘူး။ ရသမျှ ကြိတ်ရောင်းတော့လည်း တိုင်းရင်းဆေးဝါးမှတ်ပုံမတင်လို့ တဲ့။ အမယ်မင်း ဇော်ဂျီ သေချင်တယ်၊ ဇော်ဂျီသေချင်တယ် သိလား။ သူယောင်မယ်လေးတွေ ရှိနေလို့နော် .. ဟင်း ..။
ဇော်ဂျီက ပြောရင်းဆိုရင်း ငိုချင်းချလိုက်သဖြင့် သိကြားမင်း ဘာလုပ်ရမှန်းမသိဖြစ်ကာ ခေါင်းကုတ်နေစဉ် နောက် တယောက် နေရာမှထပြန်သည်။ ဒီတခါထလိုက်သူက ပုပ္ပားမယ်တော်ကြီးဖြစ်သည်။ ပုပ္ပားမယ်တော်ကြီး ပြောမလို့ ပါးစပ်ပြင်နေတုန်း မနှဲလေးကပါ အတင်းဝင်ပြောဖို့ လုပ်သည်။ ပုပ္ပားတောင်မကြီးတွင် လမ်းဖောက်သည့်ကိစ္စ မယ်တော်ကြီး မကျေနပ် .. ၊ မနှဲလေးကလည်း ဘဲဥဈေးကြီးသည့်ကိစ္စ တိုင်သည်။ သိကြားမင်း အတော်လေး စိတ်ရှုပ်နေပုံ ရသည်။ သူ့ရှေ့က စားပွဲကို “ဘုန်း” ခနဲနေအောင် ထုလိုက်သည်။
သိကြားမင်း။     ။ ကဲကဲ .. သန်းရွှေရဲ့ ကိုယ်စောင့်နတ်ရေ .. မင့်အကောင်ကတော့ လူတွေတင်မကဘူး နတ်လောကကိုပါ ရှုပ်နေပြီ။ ဘယ်သူ့ လက်ထက်မှာမှ သူ့လက်ထက်လောက် ကိစ္စမများဘူး .. ကဲ .. ရှုပ်တယ်။ အဲဒီ ချိုကုတ်ဒူးကြီးကို ငရဲပြည်သာ ပို့လိုက်တော့ ..။
ထိုစဉ် တနေရာမှ “ဝုန်း” ခနဲ အသံကြီးပေါ်ထွက်လာသည်။ ယမမင်းကြီး ထရပ်လိုက်ခြင်းဖြစ်သည်။
ယမမင်းကြီး။     ။ သိကြားမင်းကြီးခင်ဗျာ .. ကျေးဇူးပြုပြီး အဲဒီပုဂ္ဂိုလ်ကို ငရဲပြည် မပို့လိုက်ပါနဲ့ …။
သိကြားမင်း။     ။ ဟေ .. ဘာလို့လဲ။ သူ့ကိုကြော်ဖို့ ဆီမလောက်မှာ စိုးလို့လား။ ဆီ ပါမစ် ထပ်ချပေးမယ်လေ။
ယမမင်းကြီး။     ။ မဟုတ်ဘူး .. မဟုတ်ဘူး .. ကြောက်လို့ဗျ ..။ တော်ကြာ ကျုပ်ငရဲပြည်ကို အာဏာ လာသိမ်းရင် ဘယ်လိုလုပ်မလဲ။ တော်ပြီပြန်မယ် .. အားလုံး တာ့တာ။
ပြောပြောဆိုဆို ယမမင်းကြီး ထွက်ပြေးသွားသည်။ တက်ရောက်လာသော နတ်အပေါင်းတို့ မကျေနပ်ကြ။ ဖြေရှင်း မပေးနိုင်သော သိကြားမင်းကို စိတ်ဆိုးနေကြသည်။ ထိုစဉ် အခြေအနေမဟန်မှန်းသိသည့် သုဇိတာတို့အဖွဲ့က သိကြားမင်းကို နောက်ဖေးပေါက်က လာခေါ်သည်။
သုဇိတာ။     ။ မောင်တော် .. မောင်တော် .. လာလာ။ ဒီနောက်ဖေးပေါက်ကထွက်။ ဘာမှစိတ်မညစ်နဲ့ ဘန်ကီမွန်းတို့ ဂန်ဘာရီတို့တောင် ရှင်းနိုင်တာမဟုတ်ဘူး…။ နောက်သူ့ဟာသူ ပြေလည်သွားလိမ့်မယ်။
သိကြားမင်း။     ။ အင်း ဒီနေရာမှာတော့ ရှေးနည်းအတိုင်း မိန်းမစကား နားထောင်တာ ကောင်းပါတယ်လေ။
သိကြားမင်းထွက်သွားတော့ ချိုကုတ်ဒူးကြီးပီအေဆီ ဖုန်းဝင်လာသည်။ မြန်မာ့ ဆက်သွယ်ရေးက ဖုန်းဆိုတော့ လိုင်းက ခန်းမထဲမှာမမိ .. ၊ အပြင်ထွက်ပြောရသည်။
ချိုကုတ်ပီအေက “ဟယ်လို .. ဟယ်လို .. ဟဲလို .. ဟုတ်ကဲ့ လာပြီ လာပြီ .. ခုလာပြီ .. အားလုံး အဆင်ပြေတယ် .. ဟုတ်ပြီ .. ဘာမှမပူနဲ့ .. အားလုံးအေးဆေး .. အိုကေနော်” ဟူ၍ ဖုန်းကိုပြန်ဖြေရင်း ရူးချင်ယောင်ဆောင်ကာ လစ်ထွက် သွားသောကြောင့် ခန်းမထဲတွင် ဒေါကန်နေသောနတ်အပေါင်းနှင့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ဦးရုက္ခစိုးသာ ယောင်ချာချာ ကျန်ခဲ့လေတော့သည်။
ပျော်ရွှင်တဲ့ စိတ်
တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက်
ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်
သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ
ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။
လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို
ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။
လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင်
ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို
နတ်သားရှုရှိုက်လိုက်မိတယ်။
နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့
ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့
ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက
သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက
ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊
လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ
မပျော်ခဲ့ဘူး။
ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့
ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။
ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။
"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့
"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။
ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ"
ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။
ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊
သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး
နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ
နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ
လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။
လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက
ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။
ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....
အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို
ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊
လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့
ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ
ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက်
ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ
မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။
ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။
သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?
ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့
ဝင်ရောက်နိုင်ပါစေ...
Today, there have been 1 visitors (1 hits) on this page!
အရာအားလုံး အချစ်တွေ နဲ့ပဲ တည်ဆောက်ကြရအောင် This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free